Tuesday, August 20, 2013

လိုင်ချီး လက်ဖက် ဖျော်ရည်

Lychee of Lemongrass Ice Tea
...............................................
အရမ်းကိုRefreshing ဖြစ်စေမယ့် Drinks တစ်မျိုးဆိုတာတော့
ရဲရဲကြီးအာမခံလိုက်ပါရစေ။ Ice Tea ကြိုက်တဲ့
ကျွန်တော်အတွက် အမျိုးမျိုးသော
Ice Tea Application တွေကို ဖန်တီးစမ်းသပ်ရတာ
တကယ့်ကို ရင်ခုန်စရာကောင်းပြီး ပျော်စရာကောင်းပါတယ်။
ကျွန်တော်နဲ့အတူတူ Cocktail လေးတွေလိုက်လုပ်ရင်း
ရင်ခုန်မယ့် ပရိသတ်အတွက် Lychee of Lemongrass Ice Tea ကို
ရွေးချယ်ထားပါတယ်။ ကဲ ကြည့်လိုက်ပါဦးနော် . . . ။

ပါဝင်ပစ္စည်းများ
.......................
1. MONIN Lychee Syrup - 10 ml
MONIN လိုင်ချီးသီး အဆီ - 1/3 ပတ်
2. MONIN Lemon Tea concentred - 20 ml
MONIN လီမွန်တီးအရည် - 2/3 ပတ်
3. Water - 90 ml
သောက်ရေသန့် - ၃ ပတ်
4. Lemengrass - 1 stick
စပါးလင် - ၁ ချောင်း

ပြုလုပ်ပုံ
...........
ပထမဆုံး စပါးလင်ကို အရွယ်တော်လှီးဖြတ်လိုက်ပါ။
ထို့နောက် Shaker ထဲသို့ထည့်၍ Muddle (ကြိတ်ခြေ)လိုက်ပါ။
ထို့နောက်Lemon Tea Concentred နှင့် Lychee Syrup တို့အားထည့်ပါ။
ထို့နောက် သမစွာ Shake ၍ High Ball Glass (ဖန်ခွက်အရှည်)ထဲသို့
Fine Strainer (ဆန်ခါအစိတ်)ဖြင့် သေချာစွာစစ်၍ လောင်းထည့်ပါ။
ထို့နောက် ရေခဲအပြည့်ဖြည့်၍ သောက်ရေသန့်
90 ml (၃ ပတ်)ထပ်၍ ဖြည့်ပါ။ ထို့နောက် စပါးလင်လေး၊
ရှောက်ရွက်လေးဖြင့် လိုအပ်သလို အလှဆင်ကာ
Lychee of Lemongrass Ice Tea ဖြင့်
တစ်နေ့တာပင်ပန်းသမျှအမောပြေပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

No comments:

Post a Comment