Tuesday, August 20, 2013

100 plus Apple ဖျော်ရည်

100's Apple
....................
လှုပ်လှုပ်ရှားရှားနဲ့ ချွေးထွက်များသူတွေအတွက်
အထူးသင့်တော်သလို MOCKTAIL VERSION ဖြစ်လို့
သက်ကြီးရွယ်အိုတွေအတွက်လည်း သင့်တော်ပါတယ်။
ကိုယ်ခန္ဓာမှကုန်ဆုံးသွားတဲ့ ရေဓာတ်နဲ့ ဆားဓာတ်များကို
ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ Re-hydrated Drink လည်းဖြစ်ပါတယ်။
ကဲ တစ်ချက်လောက်ကြည့်လိုက်ရအောင်ပါ။

ပါဝင်ပစ္စည်းများ
....................
1. MONIN Green Apple Syrup - 30 ml
MONIN ပန်းသီးစိမ်းအဆီ - ၁ ပတ်
2. 100's PLUS - Top up
100's PLUS အားဖြည့်အချိုရည် - လောင်းဖြည့်ရန်

ပြုလုပ်ပုံ
.............
Green Apple Syrup အား ဖန်ခွက်ထဲသို့ အရင်ဦးစွာထည့်သွင်းလိုက်ပါ။ ထို့နောက် ရေခဲတုံးလေးများ ဖန်ခွက်အပြည့်ဖြည့်၍ 100's PLUS အချိုရည်ဖြင့် ပြည့်သည်အထိ လောင်းထည့်ပါ။
ပြီးလျှင်တော့ သံပရာသီးစိတ်လေးများအား
ပါးပါးလှီး၍ အလှဆင်ကာ အရသာရှိရှိသုံးဆောင်ရင်း ကုန်ဆုံးသွားတဲ့
ရေဓာတ်နှင့် စွမ်းအင်များကို ပြန်လည်ဖြည့်တင်းနိုင်ကြပါစေလို့
ဆန္ဒပြုလျက် . . .

No comments:

Post a Comment