Friday, August 23, 2013

ညလုံးပေါက် ချစ်ရည်လူးခြင်း နှင့် အိမ်ထောင်သည်တို့ ဆက်ဆံရေး

ညလုံးပေါက် ချစ်ရည်လူးခြင်း (သို့မဟုတ်) အခြားအကြောင်း တစ်ခုခုကြောင့် ဇနီးသည်တွေ ကောင်းကောင်း အိပ်မပျော်ရင် နောက်တစ်နေ့ တွင် အိမ်ထောင်ရေးအပေါ်မှာ ဖိအား သက်ရောက် မှု ဖြစ်စေနိုင်တယ် လို့ လေ့လာမှု အသစ် တစ်ရပ်က ဆိုပါတယ်။ ငယ်ရွယ် ကျန်းမာတဲ့ စုံတွဲ ၃၅ ဦးရဲ့ အိပ်စက်မှု ပုံစံကို ၁ဝ ညတာ လေ့လာမှု အရ ဇနီးသည်တွေ အိပ်မပျော်ခြင်းသည် နောက်တစ်နေ့မှာ စုံတွဲတွေရဲ့ ဆက်ဆံရေး ဆိုင်ရာ အခက်အခဲ သိသိသာသာ ရှိတာ တွေ့ရကြောင်း သိရပါတယ်။

အိပ်မပျော်တဲ့ ဇနီးသည်တွေ ရှိရင် အိမ်ထောင်ဖက် နှစ်ဦး စလုံး အတွက် အကောင်းထက် အဆိုးကို ပိုမို ဖြစ်စေနိုင်တယ် လို့ လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ ခင်ပွန်းသည်တွေ အိပ်ရေး မဝတာကြောင့် စုံတွဲတွေရဲ့ ဆက်ဆံရေး အပေါ်မှာ သက်ရောက်မှုက နည်းပါးကြောင်း သိရပါတယ်။


Thursday, August 22, 2013

ချမ်းသာဖို့ နည်းလမ်း(၇)သွယ်


ချမ်းသာဖို့ နည်းလမ်း(၇)သွယ်
-------------------------------

(၁) ကိုယ့်ဆီ ၀င်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ။

(၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲပါ။ ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။ မလိုအပ်ဘဲ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။

(၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေ အုပ်လိုက် မွေးသလိုပါပဲ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊ ဥတွေဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။ ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။ ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို ငွေတွေ လေဖြတ်သွားလိမ့်မယ်။ အင်အားမရှိတော့ဘူး။

(၄) အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး။ မြတ်ချင်မြတ်၊ ရှုံးချင်ရှုံး ဆိုတဲ့ သဘောမျိုး မလုပ်ရဘူး။ သေချာတာလောက်ကိုပဲ လုပ်ရမယ်။ မြတ်ရင်တော့ အများကြီးမြတ်မယ်၊ ရှုံးရင် ကုန်သွားမယ်ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။ မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။ ( သူများပြောတာကို မယုံနဲ့၊ ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တစ်ဝက်ပဲယုံ )

(၅) အိမ်ငှားမနေနဲ့ - အိမ်ပိုင်ဖြစ်အောင်လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုးစား။ ငှားတာဟာ ကြာတော့ စရိတ်ထောင်းတယ်။ စိတ်လည်း ရှုပ်ရတယ်။ သေးတာကြီးတာ ပဓာန မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီ အပေါက်ဟာ ငွေအထွက်ဆုံးပဲ။

(၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။ ( မတ်တတ်စာပဲ ရှိတယ်၊ တုံးလုံးစာ မရှိဘူး လို့ မပြောရအောင် ပြင်ဆင်ထားပါ )

(၇) ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။ ( အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့ ပရိသတ်တို့ဆိုတာ စိတ်ချရတာမျိုးမဟုတ်ဘူး။ ကိုယ့်ထက် တော်တဲ့၊ ကောင်းတဲ့လူရှိရင် အဲဒီကို သွားကြမှာ )

မင်းသိင်္ခ ၏ “ရေမျောကမ်းတင် အောင်ဗဒင်” စာအုပ်မှ ပြန်လည်ဖော်ပြပါသည်။

စိန် အကြောင်းသိကောင်းစရာ.....

စိန်ဈေးနှုံးကိုသတ်မှတ်ရာတွင် အောက်ပါအချက်၎ချက်ဖြင့်သတ်မှတ်ပါသည်။4Cဟုအတိုကောက်မှတ်နိုင်သည်။

၁။ Carat -စိန်၏အလေးချိန်
၂။ Clarity -စိန်၏သန့်စင်မှု
၃။ Cut -စိန်၏သွေးကွက်ပုံကျမကျ
၎။ Color -စိန်၏အရောင်အသွေး

အထက်ပါအချက်၎ချက်သည်တချက်ကိုတချက်မှီခိုမှုရှိသည် ။

ဥပမာစိန်၏အရွယ်မှာ၃ကာရက်ရှိပြီးအရောင်မှာအညိုရောင်ဖြစ်နေသည်။ စိန်ကိုရှေးစိန်သွေးကွက်ဖြင့်သွေးထားမည်။သာမန်မျက်စေ့(မှန်ဘီလူးမပါ )ကြည့်ပါကစိန်အတွင်းသားနှင့် မျက်နှာပြင်တွင်အမည်းစက်နှင့်အနာရှိနေပါက စိန်အရွယ်၁ကာရက်ရှိပြီး အ၀ါရောင်အနေမရှိသောစိန်ကသာလျှင်ပိုတန်ဖိုးရှိလေသည်။

၁။Carat

ရတနာများ၏အလေးချိန်ကိုဖော်ပြရာတွင် ကာရက်ချိန်ကိုသုံးပါသည် မြန်မာပြည်တွင်ရတီချိန်ကိုသုံးသော်လည်း ကမ္ဘာ့ဈေးကွက်တွင်ကာရက်ကိုသာသုံးပါသည်။ ၁ကာရက်=၁.၁ရတီ

၂။ Clarity

စိန်၏သန့်စင်မှုကိုအောက်ပါအတိုင်းသတ်မှတ်ပါသည်။
F=Flawless
IF=Internally Flawless
VVS1=Very Very Small Inclusion
VS=Very Small Inclusion
S1=Small Inclusion
I=Inclusion
P=Commercial Use
F&IF အဆင့်များသည်၁၀ဆမှန်ဘီလူးဖြင့်ကြည့်ပါကလုံးဝအနာအဆာမရှိခြင်းဖြစ်သည်။ VVS1 မှာသာမန်မျက်စိဖြင့်အနာမမြင်နိုင်ပဲ၁၀ဆချဲ့မှန်ဘီလူးဖြင့်ကြည့်လျှင် အပ်ခေါင်းလောက်ရှိသောအမှုန်ကို
ကျောက်မျက်ပညာရှင်ကတွေ့နိုင်ပါသည်။ မြန်မာအခေါ်အရအစင်အသန့်ဟုခေါ်နိုင်ပါသည်။ ဈေးကွက်တွင်VVS1 VVS2 ဟူ၍ထပ်မံခွဲထားပါသည်။ VVS2တွင်အမှုန်၂စက်၃စက်ခန့်ပါနိုင်ပါသည်။ VSSတွင်လည်းVS1 VS2 ဟူ၍ထပ်
ခွဲပါသည်။အစက်အပြောက်အနာအဆာများပါနိုင်ပါသေးသည်။ S1တွင်လည်း S1, S2, S3ဟူ၍ခွဲထားပါသည်။ အနာကြီးအမည်းစက်များပါနိုင်ပြီးမျက်စိဖြင့်မြင်နိုင်ပါသည်။Iတွင်လည်း I1,I2ဟူ၍ခွဲကြပါသည် ။မြန်မာအခေါ်ရေခဲသားဟုခေါ်သည်။ေ ရခဲတုံးကိုကြည့်
လျှင်အသားမကြည်ဘဲအက်ကြောင်းများတွေ့ရသကဲ့သို့ ၄င်းစိန်တွင်လည်းစိန်၏အလင်းမရှိတော့ဘဲ ရေခဲတုံးကဲ့သို့ဖြစ်နေပါသည်။ နောက်ဆုံးအမျိုးအစားပီမှာအလွန်ညံ့သောစိန်ဖြစ်ပြီးလုံးဝမ၀ယ်သင့်ပေ။
မြန်မာလူမျိုးများအနေဖြင့် ပွင့်အားကောင်းလျှင်(မီးအားကောင်းလျှင်) ကြိုက်ကြသည်။ စိန်၏သဘောမှာအကြမ်းအားဖြင့်အနည်းငယ်ဝါနေလျှင်မီးပိုအားကောင်းသည်။

၃။Cut

စိန်၏သွေးကွက်ပုံမကျလျှင်လည်းစိန်၏မီးကောင်းမှု၊ လင်းလက်မှုအလှကိုမဖော်ပြနိုင်ပေ။ စိန်တပွင့်လျှင်အကွက်၅၇ကွက်ရှိပါသည်။ အချို့စိန်တွင်၅၈ကွက်ရှိနေတတ်ပါသည်။ အပိုကွက်ကို extra
Facetedဟုခေါ်သည်။ ၄င်းအပိုကွက်၁ကွက်ပါခြင်းသည်လည်းစိန်၏ဈေးနှုံးကိုကျစေပါသည်။ သာမန်မျက်စိဖြင့်မမြင်နိုင်ပေ။ မြန်မာပြည်တွင်ရှေးအခါကစိန်များကို ၅၇ကွက်နည်းဖြင့်မသွေးကြပါ။ စိန်အလေးချိန်မလျော့စေရန်နှင့် နည်းပညာအားနည်းမှုများကြောင့်ဖြစ်သလိုသွေးထားကြလေသည်။ ထို့ကြောင့်ပုံပန်းမကျဖြစ်ပြီးစိန်၏ပွင့်အားနှင့် အလှအပကိုမဖော်ပြနိုင်ပေ။ ယနေ့ခေတ်တွင် အပါးရိုင်းပုံကျ၅၇ကွက်စိန်ကိုသာ ကမ္ဘာ့ဈေးကွက်ဝင်ပါသည်။ ထို့ကြောင့်ရှေးစိန်များအရွယ်ကြီးပြီးမလှပသဖြင့်တန်ဖိုးနည်းပါသည်။

၎။ Color

စိန်၏အရောင်ကိုအောက်ပါအတိုင်းအဆင့်ခွဲထားပါသည်။
D, E, F, G, H, I, J, K, L, M, N,…………X
D, E, F =Colorless
G, H, I=Tinted White
K, L, M = Faint Yellow
N, O, P, Q, R, S, T =Very Ligh Yellow
U, V, W, X = Light Yellow
မြန်မာအခေါ်အရ I color ကိုအဖြူဟုခေါ်သည်။ အမှန်တကယ်တွင် အတွေ့အကြုံရှိသူများသာ- G-Iကိုမှန်ဘီလူးဖြင့်ကြည့်ပါက အနည်းငယ်ဝါနေကြောင်းမြင်နိုင်ပါသည် ၊မြန်မာလူမျိုးများ၏အကြိုက်မှာအနည်းငယ်ဝါပြီဲး J-N အရောင်၊သန့်စင်မှုအဆင့် VVS2ကိုကြိုက်ကြသည်။ အရောင်နိမ့်ပြီးသန့်စင်မှုမြင့်သည်ကိုပိုမိုနှစ်သက်ကြပါသည်။ အမေရိကားတွင်မူလူအများစုမှာအရောင်မြင့်င်္ပြီ F, G, H သန့်စင်မှုအဆင့် S1, Iကိုသာအများဆုံးဝယ်ယူဝတ်ဆင်ကြသည်။
ဈေးကွက်တွင်မူ D, E, Fမှာ၎င်း၏ရှားပါးမှုကြောင့် တန်ဖိုးကျခြင်းမရှိသဖြင့် ရတနာစုသူများဝယ်သင့်ပါသည်။

Tuesday, August 20, 2013

တို့ဟူး - အာလူးလုံးလေးများနဲ့ ခရမ်းချဉ်သီးချက်

တို့ဟူး - အာလူးလုံးလေးများနဲ့ ခရမ်းချဉ်သီးချက်
( Mini Potatoes and Tofu in Tomato Sauce)
.................................................................
အာလူးအလုံး အသေးလေးတွေကို တွေ့ရခဲပါတယ်။ မစည် ခရီးသွားတုန်းတွေ့တာနဲ့ ဟင်းပွဲတွေအတွက်
အများကြီးဝယ်လာဖြစ်တယ်။ အခွံပါးပြီး အလုံးသေးတော့အခွံနဲ့ချက်စားရတဲ့ အရသာလေးကို အားလုံး
ခံစားရရှိနိုင်စေရန် တို့ဟူးဖြူနဲ့ တွဲပြီး အာလူးတစ်မျိုးလေး ဖန်တီးလိုက်ပါတယ်။ ချက်စားကြည့်လိုက်နော် ...

ပါဝင်ပစ္စည်းများ
........................
• အာလူးအလုံးသေး - ၇၅၀ ဂရမ်                  (ရေစင်အောင်ဆေးပြီး အခွံနဲ့ရေစိမ်ထားပါ)
• ဆား - အနည်းငယ်
• ငရုတ်ကောင်းမှုန့် - အနည်းငယ်
• မုန်လာဥနီ - တစ်ဥ                                  (အခွံခွာပြီး အတုံးသေးလေးများတုံးထားပါ)
• ပဲသီးစိမ်းရှည် - တစ်စည်း                          (လက်နှစ်ဆစ် လောက်လေးတွေ ဖြတ်ထားပါ)
• တို့ဟူးဖြူ - နှစ်တုံး                                   (လေးဖက်အညီ အတုံးလေးများ တုံးထားပါ)
• ပုစွန်ငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း      (သက်သတ်လွတ် ဆိုမထည့်ပါနဲ့၊ ပဲငံပြာရည်သုံးပါ)
• ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း      (မထည့်လည်းရပါတယ်)
• ခရမ်းချဉ်သီး - ၄ လုံး                               (အစေ့ထုတ်ပြီး လှီးထားပါ)

အုပ်စု (၁)
..............
• ကြက်သွန်နီ - ၂ လုံး (ထောင်းထားပါ)
• ကြက်သွန်ဖြူ - ၂ မြွှာ (ထောင်းထားပါ)
• ချင်း - လက်တစ်ဆစ် (ထောင်းထားပါ)
• နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ငရုတ်သီးခွဲခြမ်း - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ဆီ - ထမင်းစားဇွန်း ၂ ဇွန်း
• ဇီရာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်


ပြုလုပ်နည်း
................
၁။ အိုးထဲသို့ အုပ်စု (၁)အားလုံးထည့်ပြီး ဆီသတ်ပါ။ မီးအနေတော်လောက်နဲ့ပါ။

၂။ အားလုံး ရွှေရောင်သမ်းပြီး မွှေးလာလျှင် ခရမ်းချဉ်သီးရောပါ။ 

   ခရမ်းချဉ်သီး အခွံလိပ်လာလျှင် ငံပြာရည်ထည့်ပါ။

၃။ ရေအနည်းငယ်ထည့်ပြီး မုန်လာဥနီနှင့် အာလူးထည့်ပါ။   ပြီးလျှင် အိုးအဖုံးအုပ်ထားပါ။

၎။ အာလူးနူးလာလျှင် တို့ဟူးကလွဲလို့ ကျန်ပစ္စည်းများကိုရောပါ။ အားလုံး ရေမြုတ်တဲ့အထိထည့်ပြီး ဆူအောင်တည်ပါ။ အားလုံး အနေတော်လောက်ဆိုရင် ဆားမြည်းပါ။ လိုတာထပ်ထည့်နိုင်ပါတယ်။ နောက်ဆုံးမှ တို့ဟူးကိုရောပါ။ရအနည်းငယ်ထပ်ထည့်ပြီး ရေဆူအောင်တည်ပါ။ တို့ဟူးထည့်ပြီးရင် အရမ်းမမွှေပါနဲ့ အတုံးလေးတွေ ကြေသွားပါလိမ့်မယ်။ အရည်လေးနဲ့ချပါ အာလူးနဲ့ မုန်လာဥနီက အရည်စုတ်လွယ်ပါတယ်။ အရည်သောက်လေးစားချင်ရင်ပေါ့နော်။

ကြက်သား၊အာလူးဆီပြန်ဟင်း

ကြက်သား၊အာလူးဆီပြန်ဟင်း
.........................................
ချက်ပြုတ်နည်း
....................
ကြက်သွန်အဖြူ၊ အနီထောင်းထားကို ဆီသတ်ပါ။
ပြီးလျှင် မဆလာထည့်ပါ။ထို့နောက်ကြက်သားကို
ထည့်ပြီးလုံးထားပါ။ အချိန်အနည်းငယ်ကြာမှ
အာလူးကိုထည့်ပါ။ ထို့နောက် ကြက်သားရော၊
အာလူးပါရောမွေပါ။ထို့နောက်ဆီများကြက်သားထဲ
ဝင်သွားပြီဆိုတော့မှ ရေသင့်တော်ယုံထည့်ပါ။
ထို့နောက် အရသာအပေါ့အငန်အတွက် ဆား(သို့)
ငံပြာရည်၊အချိုမှုန့်တို့ထည့်ပါ။ ကြက်သားဆီပြန်လို့
ချခါနီးခါမှ ရနံ့မွှေးသွားအောင် ပျဉ်းတော်သိမ်ရွက်လေးထည့်ပါ။
ထို့နောက်စားသုံးလို့ရပါပြီ။

လိုင်ချီး လက်ဖက် ဖျော်ရည်

Lychee of Lemongrass Ice Tea
...............................................
အရမ်းကိုRefreshing ဖြစ်စေမယ့် Drinks တစ်မျိုးဆိုတာတော့
ရဲရဲကြီးအာမခံလိုက်ပါရစေ။ Ice Tea ကြိုက်တဲ့
ကျွန်တော်အတွက် အမျိုးမျိုးသော
Ice Tea Application တွေကို ဖန်တီးစမ်းသပ်ရတာ
တကယ့်ကို ရင်ခုန်စရာကောင်းပြီး ပျော်စရာကောင်းပါတယ်။
ကျွန်တော်နဲ့အတူတူ Cocktail လေးတွေလိုက်လုပ်ရင်း
ရင်ခုန်မယ့် ပရိသတ်အတွက် Lychee of Lemongrass Ice Tea ကို
ရွေးချယ်ထားပါတယ်။ ကဲ ကြည့်လိုက်ပါဦးနော် . . . ။

ပါဝင်ပစ္စည်းများ
.......................
1. MONIN Lychee Syrup - 10 ml
MONIN လိုင်ချီးသီး အဆီ - 1/3 ပတ်
2. MONIN Lemon Tea concentred - 20 ml
MONIN လီမွန်တီးအရည် - 2/3 ပတ်
3. Water - 90 ml
သောက်ရေသန့် - ၃ ပတ်
4. Lemengrass - 1 stick
စပါးလင် - ၁ ချောင်း

ပြုလုပ်ပုံ
...........
ပထမဆုံး စပါးလင်ကို အရွယ်တော်လှီးဖြတ်လိုက်ပါ။
ထို့နောက် Shaker ထဲသို့ထည့်၍ Muddle (ကြိတ်ခြေ)လိုက်ပါ။
ထို့နောက်Lemon Tea Concentred နှင့် Lychee Syrup တို့အားထည့်ပါ။
ထို့နောက် သမစွာ Shake ၍ High Ball Glass (ဖန်ခွက်အရှည်)ထဲသို့
Fine Strainer (ဆန်ခါအစိတ်)ဖြင့် သေချာစွာစစ်၍ လောင်းထည့်ပါ။
ထို့နောက် ရေခဲအပြည့်ဖြည့်၍ သောက်ရေသန့်
90 ml (၃ ပတ်)ထပ်၍ ဖြည့်ပါ။ ထို့နောက် စပါးလင်လေး၊
ရှောက်ရွက်လေးဖြင့် လိုအပ်သလို အလှဆင်ကာ
Lychee of Lemongrass Ice Tea ဖြင့်
တစ်နေ့တာပင်ပန်းသမျှအမောပြေပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

100 plus Apple ဖျော်ရည်

100's Apple
....................
လှုပ်လှုပ်ရှားရှားနဲ့ ချွေးထွက်များသူတွေအတွက်
အထူးသင့်တော်သလို MOCKTAIL VERSION ဖြစ်လို့
သက်ကြီးရွယ်အိုတွေအတွက်လည်း သင့်တော်ပါတယ်။
ကိုယ်ခန္ဓာမှကုန်ဆုံးသွားတဲ့ ရေဓာတ်နဲ့ ဆားဓာတ်များကို
ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ Re-hydrated Drink လည်းဖြစ်ပါတယ်။
ကဲ တစ်ချက်လောက်ကြည့်လိုက်ရအောင်ပါ။

ပါဝင်ပစ္စည်းများ
....................
1. MONIN Green Apple Syrup - 30 ml
MONIN ပန်းသီးစိမ်းအဆီ - ၁ ပတ်
2. 100's PLUS - Top up
100's PLUS အားဖြည့်အချိုရည် - လောင်းဖြည့်ရန်

ပြုလုပ်ပုံ
.............
Green Apple Syrup အား ဖန်ခွက်ထဲသို့ အရင်ဦးစွာထည့်သွင်းလိုက်ပါ။ ထို့နောက် ရေခဲတုံးလေးများ ဖန်ခွက်အပြည့်ဖြည့်၍ 100's PLUS အချိုရည်ဖြင့် ပြည့်သည်အထိ လောင်းထည့်ပါ။
ပြီးလျှင်တော့ သံပရာသီးစိတ်လေးများအား
ပါးပါးလှီး၍ အလှဆင်ကာ အရသာရှိရှိသုံးဆောင်ရင်း ကုန်ဆုံးသွားတဲ့
ရေဓာတ်နှင့် စွမ်းအင်များကို ပြန်လည်ဖြည့်တင်းနိုင်ကြပါစေလို့
ဆန္ဒပြုလျက် . . .

My computer ထဲက Drive C: / D: တွေကို ဖျောက်ကြည့်ရအောင်



ကျွန်တော်တို့dataတွေကို သိမ်းဆည်းတဲ့အခါ Harddiskရဲ့C:, D:စတဲ့ နေရာတွေမှာ သွားသိမ်းလေ့ ရှိပါတယ်။ သူတပါးကို မိမိရဲ့စက်ကို အသုံးပြုစေမယ့် မိမိရဲ့ C:တို့ D:တို့စတဲ့ Driveထဲမှာ သိမ်းထားတဲ့ Personal dataတွေ၊ အရေးကြီးတဲ့ အချက်အလက်တွေကို Accessမလုပ်စေချင်ဘူး၊ Copyကူးယူတာတွေ မလုပ်စေချင်ဘူး ဆိုရင်တော့ Windows OSတွေမှာ Built-inပါလာတဲ့ Diskpart Commandကိုအသုံးပြုပြီး မိမိတို့ My Computerထဲမှာရှိတဲ့ Driveတွေဖြစ်တဲ့ C:တို့၊ D:တို့ကို ဖျောက်ထားလို့ ရပါတယ်။

ကဲ စလိုက်ကြရအောင် အရင်ဆုံး Start-Run, Run Boxထဲမှာ cmdလို့ ရိုက်ထည့်ပါ။ Command Prompt ပေါ်လာ ပါလိမ့်မယ်။ Windows Vista, Windows7တို့မှာ ဆိုရင်တော့ Start-All Program_Accessories_Command Promptပေါ်မှာ Right –Click လုပ်ပြီး Run As Administratorကို ရွေးပေးပါ။
ကဲ ဆက်ရအောင် Command Promptကျလာပြီဆိုရင် Diskpartဆိုပြီး ရိုက်ထည့်လိုက်ပါ။

Diskpart Sessionထဲကို ရောက်သွားပါလိမ်မယ်။ ပြီးရင် List Volumeဆိုတဲ့ Commandကို ရိုက်ထည့်ပြီး Enterလုပ်ပါ။ မိမိစက်မှာရှိတဲ့ Hard Diskရဲ့ Drive Letterတွေ၊ Volumeတွေ၊ Partition Sizeတွေ ကျလာပါလိမ့်မယ်။ အဲ့ဒီထဲကမှ မိမိတို့ ဖျောက်ချင်တဲ့ Drive (ဥပမာ) - D:ရဲ့Volume Number (1)နဲ့ Letter Name (D)ကိုမှတ်ပါ၊ ပြီးရင် Select Volume (မိမိဖျောက်ချင်တဲ့ Driveရဲ့ Volume Number)ဥပမာ (Select Volume 1)ကို ရိုက်ထည့်ပါ၊ ထို့နောက် Remove Letter Dဆိုတာ ရိုက်ပြီး Enterလုပ်ပါ၊

ဒီ Commandမှာ Dဆိုတာဟာ မိမိဖျောက်ချင်တဲ့ Driveရဲ့ Letter Number ဖြစ်ပါတယ်။ ပြီးရင် Exitနဲ့ထွက်ပြီး စက်ကို Restartချပါ။ ပြန်တက်လာ ရင်တော့ မိမိရဲ့ My computerထဲမှာ စောစောက Diskpartမှာ ဖျောက်ခဲ့တဲ့ Driveကို တွေရတော့မှာ မဟုတ်ပါဘူး။

တကယ်လို့ စာဖတ်သူက ဖျောက်ထားတဲ့ Driveကို ပြန်ဖေါ်ချင်တယ် ဆိုရင်တော့ စောစောက အသုံးပြုခဲ့တဲ့ Diskpartနဲ့ပဲ Select Volume (မိမိဖျောက်ထားတဲ့ Driveရဲ့Volume Number)အထိ သွားပြီး Enterလုပ်ပါ၊ ပြီးရင် Assign Letter (မိမိဖျောက်ထားခဲ့တဲ့ Drive ရဲ့ Letter Name) ဥပမာ - (Assign Letter D)ဆိုပြီး ရိုက်ထည့်ပါ။

စက်ကို Restartချပါ။ သင်ဖျောက်ထားသော Driveပြန်ပေါ်လာမှာ ဖြစ်ပါတယ်၊။

Monday, August 19, 2013

မိန်းကလေး အာသာဖြေခြင်း

မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် လိင်ဆက်ဆံချင်တဲ့စိတ် ခဏခဏဖြစ်တာနဲ့ ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့အကျင့် ရှိတယ်ဆိုတာ ပုံမှန်စိတ်ဖြစ်တယ်။ အဲလိုမဖြစ်ရင်သာ ဆေးကုဘို့လိုပါတယ်။ ၁၉၅ဝ တုံးက Alfred Kinsey (အဲလ်ဖရက်-ကင်ဆေး) လုပ်တဲ့ သုတေသနအရ ယောက်ျား ၉၂% နဲ့ မိန်းမ ၆၂% ဟာ ဘဝတသက်တာမှာ ဖါသာ-အာသာဖြေတာ လုပ်ကြတာကို သိရတယ်။
၂ဝဝ၇ ခုနှစ် ဗြိတိန်မှာလေ့လာမှုလုပ်တော့လဲ အသက် ၁၆ နှစ်ကနေ ၄၄ နှစ်ကြား ယောက်ျား ၉၅% နဲ့ မိန်းမ ၉၁%လုပ်ဖူးကြတာ သိရတယ်။

၂ဝဝ၉ ခုနှစ်မှာ ဗြိတိန်၊ နယ်သာလင် နဲ့ ဥရောပနိုင်ငံတွေက ဆယ်ကျော်သက်တွေကို နေ့တိုင်း Masturbation (မာစတာဘေးရှင်း) လုပ်စေဘို့ အားပေးခဲ့တယ်။ Orgasm(အော်ဂဇင်မ်) လိင်ဆန္ဒပြည့်ဝမှု ဆိုတာ အခွင့်အရေးတရပ် ဖြစ်တယ်လို့တောင် လက်ကမ်းကြော်ညာမှာ ပါသေးတယ်။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်တခုက Teen pregnancy ဆယ်ကျော်သက်-ကိုယ်ဝန်ရမှာနဲ့ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေကို ကာကွယ်စေဖို့ဖြစ်ပါတယ်။ ဒီခေတ်မှာ Safe sex လို့ လူသုံးများလာပြီ။ စိတ်ချရတဲ့
လိင်မှုရေးရာလို့ ပြောချင်တာပါ။ HIV-AIDS ရောဂါ၊ အသဲရောင် ဘီ-စီ တွေပါ မကူးစက်နိုင်ပါ။

Benefits ကောင်းကျိုးတွေ

• Intercourse တကယ်တန်း လိင်ဆက်ဆံဘို့ အဆင်မပြေချိန်မျိုးမှာ လုပ်နိုင်လို့ တခြားမသင့်တာမျိုး အားကိုးစရာမလိုတဲ့ အစားထိုးနည်းကောင်း ဖြစ်တယ်။
• Masturbation လုပ်တာကြောင့် လိင်ဆက်ဆံရာမှာ Fertility မျိုးပွါးစေရေးအားပေးတယ်။ ၂ဝဝ၉ ခုနှစ် သြစတြေးလျ လေ့လာမှုတခုအရ နေ့တိုင်း သုက်လွှတ်ခြင်းဟာ သုက်ပိုး-ကျန်းမာရေးကို အားပေးတယ်။
• Female masturbation အမျိုးသမီးတွေ ဖါသာ-အာသာဖြေတာကြောင့် ဗဂျိုင်းနာ၊သားအိမ်ဝ နဲ့ သားအိမ်တွေမှာ အပြောင်းအလဲတွေ ဖြစ်စေတယ်။ ဒါတွေကနေ သန္ဓေရစေဘို့ ပြီးအဆင်ပြေစေမယ်။ ကလေးမရလို့ သုက်ပိုးကို အပြင်ကနေ ထည့်ပေးနည်း လုပ်အပြီး၁-၄၅ မိနစ်အတွင်းမှာ Orgasm ရစေအောင်လုပ်နိုင်ရင် သုက်ပိုးက လိုရာခရီးကိုကောင်းကောင်းရောက်စေတယ်လို့ သိရတယ်။
မ-မျိုးဥနဲ့တွေ့စေဖို့ ဖြစ်ပါတယ်။
• Female masturbation ကြောင့် သားအိမ်ဝက အချွဲကို အက်စစ်ဓါတ်ပိုစေတာမို့ ရောဂါပိုးဝင်မှာကို အဟန့်အတားပြုရာ ကျတယ်။
• Relieve depression စိတ်ကျတာကို သက်သာစေပြီး၊ Higher sense of self-esteem ကိုယ့်ကိုယ်ကို ကျေနပ်မှု ပိုစေတယ်လို့ စိတ်ကျန်းမာရေး အရေးအသားတွေမှာ ဖတ်ရမယ်။
• Mutual masturbation ဆိုတာ နှစ်ဦးသား အပြန်အလှန် လိင်စိတ်ဖြေပေးကြတာဖြစ်တယ်။ ဘယ်လိုနေရာကို ဘယ်လို လုပ်တာကို တဖက်သား သဘောကျတယ် ဆိုတာကိုဖေါ်ထုတ်ပေးမယ်။
• (STDs) လိင်ကတဆင့်-ကူးစက်ရောဂါတွေ ဖြစ်မှာကိုပါ နည်းစေတယ်။
• Masturbation လုပ်ပြီး Sexual climax ရစေတယ်ဆိုရင် Relaxed ကိုယ်ရောစိတ်ပါပြောလျှော့သွားပြီး Contented state ကျေနပ်မှုရစေမယ်။ Drowsiness and sleepအိပ်ပျော်စေမယ်။
• တချို့ဆရာဝန်တွေက မာစတာဘေးရှင်းလုပ်တာဟာCardiovascular workoutနှလုံးသွေးကြောဆိုင်ရာ လေ့ကျင့်ခန်းလို့ ယူဆကြတယ်။ သွေးတိုးကို ကျစေတယ်။
• ကိုယ်ဝန်မရစေဘူး။

Risks ဘာတွေကို ဂရုစိုက်ရမလဲ

• လက်ကို မတိုင်ခင် အသေအခြာ ရေဆေးပါ။ လက်သည်းဖြတ်ထားရမယ်။ လက်မှာ အနာအဆာမရှိရဘူး။
• အသုံးပြုတဲ့ ကိရိယာပစ္စည်းကြောင့် ဘေးဖြစ်မှာသတိထားပါ။ ဂျာမနီမှာ တခါကအမျိုးသမီးတယောက် ခဲတန်က ဆီးအိမ်ထဲ ရောက်နေတာ ဖြစ်ဘူးတယ်။ ဗဂျိုင်းနား နဲ့ဆီးသွားပေါက် မှားသွားလို့ဖြစ်တယ်။
• စအိုကို ထိကိုင်ရင် ပိုသတိကြီးရမယ်။ စအိုသုံးသူတွေဆိုရင် Latex gloves (လေးတက်စ်) လက်အိပ်သုံးရမယ်။ ရေကိုအခြေခံလုပ်တဲ့ Lubricant ချောဆီသုံးရမယ်။ စအိုနဲ့ ဗဂျိုင်းနား အပြန်အလှန်လက်သွားတာ မကောင်းဘူး။
• Finger cot (Finger condom) လက်ဖျားထိပ် (ကွန်ဒွမ်) ဆိုတာလဲရှိတယ်။ အထဲမှာ
ကျွတ်ကျန်နေမှာကို သတိထားရတယ်။

Methods နည်းလမ်းတွေ

“ဘယ်နည်းက အကောင်းဆုံးသလဲ မပြောနိုင်ပါ” လို့ Paul Joannides စိတ်အထူးကုဆရာဝန်က ဆိုပါတယ်။ အများဆုံး သုံးကြတာက (၁) Fingers နဲ့ (၂) Vibrators ကရိယာဖြစ်တယ်။ အမေရိကားမှာတော့ လေ့လာမှုတခုထဲက “အသက် ၁၈ ကနေ ၆ဝ နှစ်ကြားရှိ အမျိုးသမီးပေါင်း ၂ဝ၅၆ ယောက်ထဲမှာ တဝက်ကျော်က Vibrator သုံးတယ်” လို့ Indiana University အင်ဒီယာနာ-တက္ကသိုလ် Center for Sexual HealthPromotion က တွဲဖက်-ဒါရိုက်တာ Debby Herbenick ကဆိုပါတယ်။ သူတို့ဟာ Masturbation ဖါသာ-အာသာဖြေတာမှာရော Intercourse လိင်ဆက်ဆံရာမှာပါ သုံးကြတယ်။

Fingering လက်ကိုသုံးတဲ့နည်း

• Vaginal fingering ဗဂျိုင်းနာထဲ လက်ချောင်းထည့်ခြင်း ဆေးစကားလဲဖြစ်၊ ဥပဒေသုံးလဲဖြစ်တယ်။ လက်ချောင်း တချောင်း၊ တချောင်းမက ဖြစ်နိုင်တယ်။ လက်တခုလုံးဆိုတာလဲ ရှိသေးတယ်။
• Clitoris မ-အစိ၊ Vulva မိန်းမကိုယ်၊ Vagina (ဗဂျိုင်းနား) တွေကို လက်နဲ့ပွတ်သပ်တာ၊ ကလိတာ၊ ထိုးသွင်းတာတွေ ပါမယ်။
• ရည်ရွယ်ချက် ၂ ခုရှိတယ်။ Sexual arousal and stimulation လိင်စိတ်ဖြစ်စေ၊ ကဲစေဘို့နဲ့ Orgasm လိင်ဆန္ဒ ပြည့်ဝစေဘို့ ဖြစ်တယ်။
• ဒီလိုလုပ်တာချည်းနဲ့ အဆုံးသပ်တာရှိသလို တကယ့်လိင်ဆက်ဆံမှုရဲ့ အစိတ်အပိုင်းအဖြစ်လဲ Foreplay အစပိုင်းမှာဖြစ်ဖြစ် Sexual activities ကြားကာလမှာဖြစ်ဖြစ် လုပ်နိုင်တယ်။
• Mutual masturbation နှစ်ယောက်သား အပြန်အလှန် အာသာဖြေပေးတာမှာလဲသုံးနိုင်သလို Finger oneself တယောက်ထဲလဲ လုပ်နိုင်တယ်။
• မိန်းမတယောက် Orgasm (အော်ဂဇင်မ်) ရစေဘို့ရာ Massage of the vulvaမိန်းမကိုယ်နေရာကို ပွတ်သပ်ခြင်းနဲ့ အထူးသဖြင့် Clitoris မ-အစိကိုပွတ်သပ်ခြင်းဟာ အဓိကအရေးပါတယ်။
• Clitoral body မ-အစိကိုယ်ရော Shaft အရင်နေရာပါ သုံးနိုင်တယ်။ အများအားဖြင့် Skin of the clitoral hood မ-အစိအထက်နေရာ အရေပြားကို ထက်-အောက်၊ ဘယ်-ညာ၊ စက်ဝိုင်းလို ကြိုက်သလို လုပ်နိုင်တယ်။
• Labia မိန်းမကိုယ် နှုတ်ခမ်းသားတွေနဲ့ ကျန်နေရာမှန်သမျှကိုလဲအသုံးပြုနိုင်တယ်။

Fingering the vagina (ဗဂျိုင်းနား) ထဲကို လက်ထည့်တာလဲ လုပ်ပါတယ်။
• G-Spot ဆိုတာကို ထိမိစေရတယ်လို့လဲ ပြောကြတယ်။ (ဗဂျိုင်းနား) ရဲ့ရှေ့ (ရှေ့ဆိုတာ ပက်လက်အိပ်နေရင် အပေါ်ကိုပြောတာပါ) ၅ စင်တီမီတာနေရာမှာလို့ ဆိုတယ်။
• A-spot က သူ့ထက် ပိုနက်တဲ့နေရာမှာ ရှိတယ်။
• ဒါပေမဲ့ အဲဒီနေရာတွေ တကယ်ရှိ-မရှိ ငြင်းနေကြဆဲဖြစ်တယ်။
• ကိုယ့်ဖါသာကိုယ်လုပ်သူတွေက ဘယ်နေရာကို ဘယ်လိုလုပ်ရင် ကျေနပ်မှုပိုစေမယ်ဆိုတာ
ကိုယ်တိုင်သိပါတယ်။ ဆရာဝန်မလိုပါ။ သာယာမှုရရင် အရည်ပိုစိုစွပ်လာမှာ အမှန်ပါ။
• G-Spot ejaculation ဆိုတာ ကျေနပ်မှု ကောင်းလွန်းပြီး အရည်ဟာ Urethra ဆီးထွက်လမ်းကနေ ထွက်တယ်။ Urine ဆီးတော့ မဟုတ်ဘူး။
• အမျိုးသမီးတွေ Orgasm ပြီးတဲ့အခါ ထွက်တဲ့အရည် Female ejaculate ထဲမှာ Antibodies (အင်တီဘော်ဒီ) တမျိုးပါတယ်။ အဲဒါဟာ ယောက်ျားတွေ Prostate ဆီးကျိတ်ကထွက်တာနဲ့ အလားတူတယ်။ အတွင်းကျကျအထိ လက်ထည့်ရမှာမို့ လက်ချောင်းသုံးတာကြောင့် A-spot ကိုထိစေဘို့ နည်းတယ်။

Vibrator တုန်ခါမှုရှိတဲ့ ကရိယာနည်း

• (ဗစ်တိုးရီးယား) ခေတ်က Female hysteria အမျိုးသမီး (ဟစ်တီးရီးယား) ရောဂါကုသနည်း တခုထဲမှာ Masturbation နည်းပါတယ်။ Pelvic massage လို့သာ ခေါ်သေးတယ်။ ခေတ်ပေါ် Vibrators နဲ့ Sex toys တွေဟာ ၁၉၈ဝ နောက်ကစပြီး ပေါ်ပြူလာဖြစ်လာတယ်။
• ၂ဝဝ၉ လေ့လာမှုတခုအရ အမေရိကားမှာ ၁၈-၆ဝ နှစ်အရွယ်ရှိ ယောက်ျား ၄၆% နဲ့ မိန်းမ ၅၃% ဟာ Vibrator သုံးသတဲ့။
• မိန်းမ ၃ဝ% ကသာ ပုံမှန် ဖိုမ ဆက်ဆံရာကနေ (အော်ဂဇင်မ်) ရတယ်။ အဲဒါအတွက် Vibrators ကို သုံးဘို့ ဆရာဝန်တွေက ညွှန်တယ်။ Masturbation အတွက်ရော Intercourse အတွက်ပါ အသုံးခိုင်းတာ ဖြစ်ပါတယ်။
• Clitoral vibrator ဆိုတာ သပ်သပ်လာသေးပေမဲ့ အားလုံးဟာ ဒီနေရာကိုထိမိစေရတာဖြစ်တယ်။ ဒီဇိုင်းကတော့ အမျိုးမျိုးရှိတယ်။
o G-Spot Vibrator ဆိုတာလဲလာသေးတယ်။ ခပ်ကောက်ကောက်ပုံရှိတယ်။
o Dildo-shaped ဆိုတာ ယောက်ျား-အင်္ဂါပုံအတိုင်း အရွယ်တူ လုပ်ထားတဲ့ ကစားစရာမျိုးဖြစ်တယ်။ Plastic (ပလပ်စတစ်)၊ Silicone (စီဘီကွန်)၊ Rubber (ရာဘာ)၊ Vinyl (ဗီနိုင်းလ်) နဲ့ Latex (လေးတက်စ်) ပစ္စည်းတွေနဲ့ လုပ်ထားတယ်။
o Waterproof လဲရှိတယ်။ ရေချိုးခန်းမှာ သုံးနိုင်ဘို့ ဖြစ်တယ်။
o Egg-shaped vibrator နဲ့ Rabbit ဆိုတာတွေက ဗဂျိုင်းနာရော (ကလိုက်တောရစ်) ကိုပါ ထိမိစေဘို့ လုပ်တားတယ်။
• ကနေဒါနိုင်ငံက (တိုရွန်တို) လေ့လာမှုအရ ဖါသာ-အာသော ဖြေရာမှာ (ဘိုင်ဗရေတာ) ကို အသုံးများရင် တကယ်တန်း ခင်ပွန်း-အဖေါ်နဲ့ဆက်ဆံချိန်မှာ (အော်ဂဇင်မ်) ရတာကို Desensitize ပြောင်ပြန်အကျိုး သက်ရောက်စေနိုင်တယ်လို့ သတိပေးတယ်။ အဲဒီ ဆရာဝန်ကသူ့လူနာတွေကို (အိုက်စ်ခရင်မ်) ကို နေ့တိုင်း မစားချင်ကြသလို နေသင့်တယ်လို့အကြံပေးတယ်။ Autonomic nervous system အလိုအလျှောက် သက်ရောက်တဲ့အာရုံကြောစနစ်က အကျင့်ရသွားစေမယ်လို့ ပြောတာ ဖြစ်ပါတယ်။
• Vibrator သုံးရင် လိင်အင်္ဂါနေရာမှာ နာတာ-ထုံတာ ဖြစ်မလား သတိထားသင့်တယ်။
Herbenick's vibrator survey သုတေသနအရ ၃ဝ% မှာ အဲလိုဖြစ်တယ်။

တခြားနည်းတွေ

• တချို့က Back of a vibrating toothbrush head တုံခါမှု လုပ်ပေးနိုင်တဲ့
သွားတိုက်တံခေါင်းရဲ့ နောက်ဖက်၊
• တချို့က Handle of a hairbrush ခေါင်းဘီး လက်ကိုင်ရိုး၊
• တချို့က Water jets in the bathtub ရေချိုးခန်းက ရေပန်း ထိပ်ဖျား သုံးကြတယ်။
• တခြားနည်းနာတွေလဲ ရှိမှာပါ။

ရောဂါမဟုတ်ပါ• မိန်းကလေးတွေလဲ ယောက်ျားလေးတွေလိုဘဲ ဖါသာအာသာဖြေဖျောက်တာလုပ်မိတာကို Feel
guilty အပြစ်လုပ်သလို ခံစားတတ်ကြတယ်။ Sex therapists လိင်အထူးကုဆရာဝန်တွေကတော့ အဲလို မထင်မြင်သင့်ဘူးလို့ ဆိုပါတယ်။
• Mood စိတ်မူ၊ Spirits စိတ်ဓါတ် တက်စေမယ်။ စိတ်ကျနေသူတွေကို သက်သာရာ ရစေမယ်။Solo sex တယောက်ထဲစခန်းသွားတာမို့ ကိုယ့်အဖေါ် ဘယ်လိုနေမလဲ ဆိုတာစိတ်ကူးထည့်စရာလဲ မလိုဘူး။
• အဲလိုလုပ်တာဟာ ကိုယ့် ခင်ပွန်း-အဖေါ်ကို မချစ်လို့လဲ မဟုတ်ဘူး။ကိုယ့်အတွက်ကိုယ်လုပ်တာသာဖြစ်
တယ်။ သူနဲ့နေတဲ့အခါမှာလဲ ပိုပြီးသာလွန်ကောင်းမွန်စေနိုင်သေးတယ်။သူ့ကိုကိုယ်ကနေ ဘယ်လိုက ဘယ်လိုဆိုတာ ဆရာလုပ်နိုင်တယ်။
• ယောက်ျားနဲ့နေလို့ (အော်ဂဇင်မ်) မရတတ်သူတွေ ဒီနည်းနဲ့ကူနိုင်တယ်။Lubrication စိုစွပ်မှု၊ Desire ဆန္ဒဖြစ်ပေါ်မှု၊ Arousal စိတ်နိုးထမှု နဲ့ Orgasm(အော်ဂဇင်မ်) တွေမျာ ပိုကောင်းစေတယ်။
• Pain နာတတ်တာလဲ သက်သာစေမယ်။ မနာတတ်သူတွေလဲ သုံးကြတာပါဘဲ။
• သိတဲ့အတိုင်း အမျိုးသမီးများဟာ စိုးရိမ်မှုများတတ်တယ်၊ ဖိစီးမှုများတတ်တယ်။ဒါ့ကြောင့် စိတ်ဖြေလျှော့ပေးဘို ပိုလိုမယ်။ (မာစတာဘေးရှင်း) ကနေ ကူညီနိုင်တယ်။
• Migraine (မိုင်ဂရင်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါ ရှိသူတွေကိုလဲ သက်သာရာရစေနိုင်တယ်။ ခပ်ရှားရှား တချို့လူနာတွေမှာ (အော်ဂဇင်မ်) ကနေ (မိုင်ဂရင်း)ထတတ်တယ်။
• Menstrual cramps ရာသီလာရင်နာတာ နဲ့ Premenstrual syndrome (PMS) ရာသီအလာခင်
ဖြစ်ချင်တာတွေ ကိုပါ သက်သာစေမယ်။  

ချစ်ကြွမ်းဝင်ခြင်း ( လိင်ဆက်ဆံခြင်း) သည် ဆေးဝါ တစ်မျိုး

အသက် (၁၈) ပြည့်မှ ဖတ်ပါ။

 အိပ်ခန်းထဲမှ အချစ်ဟာ သင့်အတွက် ကင်ဆာရောဂါကို အောင်နိုင်ပြီး နှလုံးရောဂါကို ကာကွယ်နိုင်တဲ့ အပြင် အရွယ်တင် နုပျိုစေပါတယ်။ လိင် ဆက်ဆံမှု ပြုလုပ်တာကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ပိုကောင်းမွန်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာ ဖော်ပြ လိုက်ပါတယ်။

၁။ အရွယ်တင်နုပျိုစေပါတယ်

တစ်ပတ်ကို အနည်းဆုံး လေးကြိမ် လိင်ဆက်ဆံမှု ပြုလုပ်တဲ့ လင်မယားတွေဟာ ပုံမှန် လူကြီးတွေထက် ၁၀ နှစ်ကျော်ခန့် ပိုပြီး အရွယ်တင်နုပျို စေနိုင်တယ်လို့ Royal Edinburhg ဆေးရုံမှ သုတေ သန ပြုလုပ်ချက်အရ သိရပါတယ်။ “လိင်ဆက်ဆံ မှုကြောင့် ရရှိတဲ့ ပျော်ရွှင် ကျေနပ်မှုဟာ အရွယ်တင် နုပျိုဖို့အတွက် အရေးကြီး အချက် ဖြစ်တဲ့ adrenaline, dopamine နဲ့ noradrenalin တွေ ထုတ်လုပ်နိုင် ပါတယ်” လို့ အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာ အထူးကု Dr.Dowid က ပြောပါတယ်။
“ဒါ့အပြင် လိင်ဆက်ဆံမှုကြောင့် Growth ဟော်မုန်းတွေ ထွက်လာပြီး လေထု ညစ်ညမ်း မှုကြောင့် ရရှိလာတဲ့ ဓာတ်တိုးပစ္စည်းတွေကို တိုက်ခိုက်နိုင်ပါတယ်။ ဒါကြောင့် အရေပြား Cell နံရံတွေ မပျက်စီးအောင် ထိန်းနိုင်ပြီး ကြွက်သားတွေ Relax ရစေကာ အရေးအကြောင်းတွေ မပေါ်အောင် ကူညီနိုင်ပါတယ်” လို့ ဆက်ပြောပါတယ်။

ပိုမိုကောင်းမွန်အောင်
ကာမဂုဏ် လိုက်စားတာ မဟုတ်ဘဲ သင်ရဲ့ ဇနီးမယားနဲ့ ပုံမှန် လိင်ဆက်ဆံမှု လုပ်တာကြောင့် စိုးရိမ် ကြောင့်ကြမှု များတာနဲ့ မိမိကိုယ်ကို လုံခြုံမှုမရှိတာလိုမျိုး အချက်တွေ မရှိတော့ဘဲ ငယ်ရွယ် နုပျိုအောင် နေနိုင်ပါတယ်။ အိမ်ထောင်သည် အသက်ရှည်ရတဲ့ သော့ချက်တွေ အနေနဲ့ ဓာတုပစ္စည်း Response တွေရအောင် လှုံ့ဆော်မှု အနေနဲ့ လင်မယားချင်း ပွေ့ဖက်တာနဲ့ ထိတွေ့ကိုင်တွယ်မှု လုပ်တာတွေကို ၁၅ မိနစ်ခန့် လိင်ဆက်ဆံမှု မပြုလုပ်ခင်နဲ့ ပြုလုပ် အပြီးမှာ ပြုလုပ်ပေးပါ။

၂။ အအေးမိရောဂါကို ကာကွယ်နိုင်ပါတယ်

တစ်ပတ်ကို အနည်းဆုံးနှစ်ကြိမ် လိင်ဆက်ဆံမှုကြောင့် အအေးမိရောဂါနဲ့ တခြား ဗိုင်းရပ်စ် ရောဂါတွေကို ကာကွယ်နိုင်တဲ့ Antibody ဖြစ်တဲ့ Immunoglobulin ရာခိုင်နှုန်း မြင့်တက် လာနိုင်တယ်လို့ wikes တက္ကသိုလ်မှ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။

ပိုမိုကောင်းမွန်အောင်
ဒီလို သဘာဝအလျောက်ထွက်လာတဲ့ Antibodies တွေ ပိုရရှိအောင် Sex ကို အချိန် ကြာကြာ လုပ်ပေးရပါမယ်။ ဒါကြောင့် လိင်ဆက်ဆံမှုကို Position မျိုးစုံလုပ်ပေးပါ။

၃။ ကင်ဆာကို ကာကွယ်နိုင်ပါတယ်

အသက် ၂၀ အရွယ်မှာ တစ်ပတ်ကို အနည်းဆုံး ခုနှစ်ကြိမ် သုက်လွှတ်တဲ့ အမျိုးသားတွေဟာ တစ်ပတ်ကို သုံးကြိမ်လောက်သာ သုက်လွှတ်တဲ့ အမျိုးသားတွေထက် အသက်ကြီးလာရင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေသုံးဆ နည်းတယ်လို့ သြစတြေးလျ ကင်ဆာ အဖွဲ့မှ လေ့လာမှုအရ သိရပါတယ်။ မကြာခဏ သုက်လွှတ်တာကြောင့် ဆီးကျိတ်ပြွန်ထဲမှ ကင်ဆာ ဖြစ်စေနိုင်တဲ့ Carcinogens စုဆောင်းမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်လို့ သုတေသန ခေါင်းဆောင် ပါမောက္ခ Graham Giles က ပြောပါတယ်။

ပိုမိုကောင်းမွန်အောင်
တစ်နေ့တည်းကို ခဏခဏ သုက်လွှတ်မည့်အစား နေ့စဉ်တစ်ကြိမ်စီ သုက်လွှတ် ပေးတာဟာ အကျိုးရှိဆုံးပါ။


၎။ နာကျင်မှု ပျောက်စေပါတယ်လိင်ဆက်ဆံပြီးနောက် စိတ်ကျေနပ်မှု ရနေတာဟာ နာကျင်မှုကို သက်သာစေတယ်လို့ Biology and Medicine ဂျာနယ်မှ သုတေသနပြုချက်အရ သိရပါတယ်။ လိင်ဆက်ဆံမှု ကြောင့် ခန္ဓာကိုယ်ရဲ့ သဘာဝ အကိုက်အခဲ ပျောက်ဆေး Endorphins တွေဟာ တစ်မိနစ် အတွက် သုံးဆလောက် မြင့်တက် လာပါတယ်လို့ အင်္ဂလန်နိုင်ငံ Paisley တက္ကသိုလ်မှ Sexual Psychologisl ကပြောပါတယ်။ လိင်ဆက်ဆံမှုကြောင့် ခါးနောက်ကျော နာတာနဲ့ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာတွေ သက်သာသွားတဲ့ အထောက် အထားတွေ ရှိတယ်လို့ ဆိုပါတယ်။

ပိုမိုကောင်းမွန်အောင်
သင့်မှာ နာကျင်မှုရှိနေရင် ကြမ်းတမ်းတဲ့ လိင်ဆက်ဆံမှုကို ရှောင်ပါ။ ညင်ညင်သာသာ နှေးနှေး ကွေးကွေးနဲ့ အချိန်ကြာတဲ့ ဆက်ဆံနည်းကို အသုံးပြုပါ။ လိင်ဆက်ဆံမှုပုံစံအမျိုးမျိုးကိုပြောင်းပေးပါ။
နာကျင်မှု ပိုမို သက်သာအောင် ပိုတက်စီယမ် ပါဝင်မှုများတဲ့ စပျစ်သီးတွေ စားပေးပါ။

ရာသီလာချိန် လိင်ဆက်ဆံခြင်း (သို့) မီးနီ ဖြတ်ခြင်း

အမျိုးသမီး၌ရာသီလာနေပါက လိင်ဆက်ဆံမှုပြုရန် ယောက်ျားတိုင်းလိုလိုပင် ၀န်လေးတတ်ကြပါသည်…။အကြောင်းမှာ ရာသီလာခြင်းသည် လိင်အင်္ဂါများမှ အညစ်အကြေး ၊ မကောင်းသောသွေးများ ဆင်းခြင်းဟု ထုံးတမ်းအစဉ်အလာအရ ယူဆယုံကြည်ထားသောကြောင့်ဖြစ်သည်

အမှန်အားဖြင့် ရာသီလာခြင်းမှာ မိန်းမကိုယ်မှအညစ်အကြေး ၊ သွေးများစွန့်ထုတ်ခြင်းမဟုတ်ပဲ သဘာဝအရပဋိသန္ဓေမရှိ၍ သားအိမ်အတွင်းမှေး ကြွေကျခြင်းသာဖြစ်သည်…။
သို့ဖြစ်၍ရာသီလာခြင်းကို မည်သို့မျှရွံရှာစက်ဆုပ်စရာအကြောင်းမရှိပေ…။

မိန်းမသဘာဝအရ ရာသီမလာမှီနှင့် လာနေစဉ်ကာလအတွင်း မိန်းမ၏လိင်အင်္ဂါများသည် သွေးဖြင့်ပြည့် လျက် ဖောင်းနေတောင့်တင်းနေ တတ်ပါသည်။ လိင်အင်္ဂါများတောင့်တင်းတိုင်း လိင်စိတ်ထကြွတတ်ရာ ဤအချိန်များ၌မိန်းမတို့၏ကာမဆန္ဒစိတ်သည်ပိုမိုတက်ကြွကြပေသည်။
သို့ပါ၍ရာသီလာနေစဉ် ကာလအတွင်း မိန်းမတို့၏သွေးသားဆန္ဒလိုအပ်ချက်အရ လိင်ဆက်ဆံမှုကို ကြိုဆိုတောင့်တနေတတ်ကြပေသည်။ ရာသီလာနေစဉ်အတောအတွင်း လိင်ဆက်ဆံဖို့ အခြေအနေမပေးပါက အနည်းဆုံး သူစိမ်းယောက်ျားတစ်ယောက်နှင့် ပွတ်သီးပွတ်သပ်နေလိုခြင်း တော့ဖြစ်တတ်ပေသည်…။

သို့ရာတွင် ရာသီလာစဉ်လိင်ဆက်ဆံမှုပြုပါက မိန်းခလေးများအနေဖြင့် အောက်ပါအချက်များကို သတိပြုရပေမည်..။

၁) သွေးဖြင့်တင်းနေသောမိန်းမလိင်အင်္ဂါများသည် လိင်ဆက်ဆံမှုပြုခြင်းကြောင့် သွေးပိုမိုများလာပြီး ရာသီသွေးပိုဆင်းနိုင်ပါသည်။

၂) သွေးသည်ရောဂါပိုးများအတွက် အစာလည်းဟုတ် ၊ တွယ်ကပ်နေရန်နေရာတစ်ခုလည်းဟုတ်ပေရာ ရာသီလာစဉ်လိင်ဆက်ဆံပါက မိန်းမ အင်္ဂါများထဲသို့ ရောဂါပိုးများဝင်ရောက်ရန် အထူးလွယ်ကူပါသည်။ သို့ပါ၍ရာသီလာစဉ်လိင်ဆက်ဆံမှုပြုချင်ကြသော မိန်းမသားတို့အနေဖြင့် မိမိနှင့်လိင်ဆက်ဆံသော ယောက်ျား၏လိင်တံမှာ ကျန်းမာသန့်စင်ဖို့လိုပါသည်။ ရောဂါပိုးများ မခိုမကပ်ပဲ ကင်းစင်နေအောင် လိင်ဆက်ဆံမှု မပြုမီ နှစ်ဦးစလုံးစင်ကြယ်သန့်စင်သွားအောင် သန့်ရှင်းရေးလုပ်ဖို့လိုပါသည်။ မိန်းမဖြစ်သူ၏လိင်အင်္ဂါများ မထိခိုက် မပွန်းပဲ့စေရန် ညင်သာစွာဆက်ဆံသောနည်း ကိုသုံးရပါမည်။

၃) ရာသီမလာမီ လိင်ဆက်ဆံပါက သားအိမ်ထိခိုက်လှုပ်ရှားစေနိုင်သော မိန်းမမှောက်ခုံ ၊ လေးဘက်ထောက်(Doggy Style)စသည့် ပုံစံများဖြင့် မဆက်ဆံသင့်ပါ။ (ထိုသို့ပြုလုပ်ပါက မိန်းမ၏တင်ဆုံကွင်းအတွင်းသွေးပိုမိုဝင်စေသဖြင့် ရာသီလာသောအခါ သွေးပိုမိုဆင်းတတ်ပေသည်။

၎) လာရိုးလာစဉ်ထက်သွေးပိုမိုဆင်းနေပါက စိတ်ဆန္ဒပြင်းပြနေသော်လည်း လိင်ဆက်ဆံမှုကို လုံးဝရှောင်ကြဉ်ရပေမည်။မနေနိုင်၍လိင်ဆက်ဆံဖြစ်ပါက ပိပိအတွင်းသို့ လိင်တံနက်ရှိုင်းစွာ ၀င်စေသောနည်းကို ရှောင်ကြဉ်ရပါမည်။ (ဤအချက်ကိုမလိုက်နာပါက ရာသီအလာမရပ်ပဲသွေး
ဆင်းလွန်နိုင်ပါသည်။)

၅) မီးနီဖြတ်(ရာသီလာစဉ်လိင်ဆက်ဆံ)ပါက မဆက်ဆံမီနှင့်ဆက်ဆံပြီးစတွင် နှစ်ဦးစလုံး၏လိင်အင်္ဂါများ ၊လိင်အင်္ဂါများပတ်လည်တ၀ိုက်နှင့် လက်များကို ဆပ်ပြာ ၊ ရေနွေးများဖြင့် စင်ကြယ်အောင် ဆေးကြောသုတ်သင်ရပါမည်။ ဤသို့သန့်ရှင်းပေးပါမှ မိန်းမ၏လိင်အင်္ဂါများအတွင်းသို့
ရောဂါပိုးများ ၀င်ရောက်ပျံ့ နှံ့ ခြင်းကို ကာကွယ်နိုင်သကဲ့သို့ ယောက်ျားဖြစ်သူ၏ ကိုယ်အစိတ်အပိုင်း ကိုလည်း ရာသီသွေးမပေစေပဲ သန့်ရှင်းစင်ကြယ်စေမည်ဖြစ်သည်။ ရောဂါပိုးမ၀င်အောင် ကွန်ဒုံစွတ်၍ မဆက်ဆံသင့်ပါ..။ အကြောင်းမှာ ၎င်းကွန်ဒုံများသည် ရောဂါပိုးမ၀င်ရောက်စေရန် အကာအကွယ် မဖြစ်သည်သာမက နူးညံ့ သောယောနိကိုလည်း အလွယ်တကူပွန်းပဲ့စုတ်ပြဲစေနိုင်သဖြင့် ရောဂါပိုး ပိုမိုကူးစက်စေနိုင်ပါသည်။

၆) မိန်းမ၏လိင်အင်္ဂါဇာတ် ၊ နှုတ်ခမ်းသားများနှင့် လိင်စေ့ကို ပွတ်တိုက်လှုံ့ ဆော်၍ ဆက်ဆံမှုမပြုသင့်ပါ။ ယောနိအင်္ဂါအတွင်းသို့လည်းလက်ဖြင့်နှိုက်၍မလှုံ့ ဆော်သင့်ပါ။ လှုံ့ ဆော်ပါက အထက်ပါအင်္ဂါများ ဒဏ်ရာရ ပွန်းပဲ့စေနိုင်ပါသည်။

၇) လိင်ဆက်ဆံမှုပြုစဉ် ခပ်ကြမ်းကြမ်းမဆက်ဆံသင့်ပဲ ညင်သာစွာဆက်ဆံရပေမည်။ ခပ်ကြမ်းကြမ်းဆက်ဆံပါက ရာသီသွေးပိုမိုဆင်းနိုင်ပါသည်။ မိန်းမဖြစ်သူတွင် ခါးလည်းနာနိုင်ပါသည်။
သို့ရာတွင် ရာသီလာစဉ်လိင်ဆက်ဆံပါက သာမန်အချိန်ဆက်ဆံမှုနှင့်မတူပဲ အမျိုးသမီးများအနေဖြင့် ထူးကဲသောခံစားမှုအရသာများကိုရရှိနိုင်ပေသည်။ သို့ဖြစ်၍မိန်းမအတော်များများသည် ရာသီလာစဉ်လိင်ဆက်ဆံလိုစိတ် အထူးရှိကြကြောင်းတင်ပြလိုက်ရပေသည်။

မင်္ဂလာမဆာင်ခင် ဘာတွေ အတွက် ဆေးစစ်ကြမလဲ

1. Chromosomal Disorder (Blood Karyo typing)

Chromosome ဆိုတာကတော့ ခန္ဓာကိုယ် လုပ်ငန်း ဆောင်တာ အားလုံးရဲ့ မျိုးရိုး ဗီဇ သော့ချက် တွေကို ထိန်းချုပ် တဲ့ အရာပေါ့ဗျာ။ ဒီကောင် တွေ အစီအစဉ် မကျဖြစ်တော့ ကလေးမယ် ဒုက္ခ ရောက်ရ တော့တာပေါ့။ စာရှုသူတို့ သိနေပြီးတဲ့ Downs Syndrome ဆိုတာ ဒီကောင်တွေ တလွဲ ဖြစ်ရ လို့ပေါ့။ (Downs Syndrome ) ကတော့ အမေ အသက် ကြီးမှ ကိုယ်ဝန် ဆောင်ရင်လည်း ဖြစ်တတ်ပါတယ်)
Karotyping ဆိုတာကို ဘာကြောင့် လုပ်လဲ ဆိုတော့ -
မိဘမှာ ကလေးကို ဒုက္ခ ပေးနိုင်မယ့် ပုံမှန် မဟုတ်တဲ့ Chromosome ရှိမရှိ စမ်းသပ် ဆုံးဖြတ်ချင်တဲ့အခါ
အမေကို ကိုယ်ဝန် မရနိုင်အောင် (သို့) ကိုယ်ဝန် ပျက်ကျ အောင် လုပ်နိုင်တဲ့ Chromosome ချို့ယွင်းချက် ရှိမရှိ ထစသဖြင့် စမ်းသပ် စစ်ဆေး ချင်တဲ့အခါ မျိုးတွေ မှာ လုပ်ပါတယ်။

2. Thalassemia Test

Thalassemia ဆိုတာ ကတော့ မိဘများကနေ သားသ္မီးဆီကို မျိုးရိုး ဗီဇကြောင့် ဖြစ်သွား ရတဲ့ သွေးရောဂါ တမျိုးပါပဲ။ (ဆွေမျိုးနီးစပ်ချင်း အိမ်ထောင် ပြုတဲ့ အခါမျိုးမှာ ဖြစ်တတ် ပါတယ်)
ဒါ့ကြောင့် ဘယ်သူမှ ပြုပြင် ပြောင်းလဲ နိုင်စွမ်း မရှိတဲ့ နိယာမ (၅)ချက် ထဲက တစ်ခုအပါအ၀င် ဖြစ်တဲ့ ဒီ ဗီဇနိယာမကို ကြိုတင် သိရှိ ဆင်ခြင်ခြင်း ဖြင့်သာ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။

3. HIV ပိုးရှိမရှိစစ်ခြင်း

မြင်ရုံနဲ့တော့ သန့်မှန်း မသိနိုင်ဘူး ဆိုသလို ပါပဲ … ဒီပိုး ရှိသူ အများစုဟာ ကိုယ်ကိုယ်ကို ပိုးရှိ နေမှန်း မသိကြပါဘူး ။ သွေးစစ် ရင်တောင် မှ HIV Antibody Test ကို စစ်လို့ ရှိရင် ခန္ဓာကိုယ် ထဲကို ပိုးစ ၀င်တဲ့ (၆) ပါတ်ကနေ (၁၂)ပါတ်ထိမ တွေ့ နိုင်ပါဘူး။ တချို့မှလည်း (၆)လ ထိတိုင်အောင် မတွေ့ရ ပါဘူး။ ဒီကာလကို Window period လို့ခေါ်ပါတယ်။ ကိုယ်ထဲကို ပိုးက ၀င်နေပေမယ့် ခန္ဒာကိုယ် ကနေ ဒီပိုးကို တုန့်ပြန်တဲ့ ပဋိပစ္စည်း Antibody က မထွက်သေးတော့ ဆေးစစ်တဲ့အခါမှာ Negative ပြနေပါတယ်။ Antigen Test (သို့) PCR TEST ကို စစ်ရင်တော့ (၂)ပါတ် ကနေ (၃)ပါတ် အတွင်းမှာ ဒီပိုး ကူးစက်ခြင်း ရှိမရှိ ဆိုတာကို သိနိုင်ပါတယ်။ ဒီ ရောဂါပိုး ဟာ တစ်ဦးကို တစ်ဦး ကူးစက် နိုင်တဲ့ အပြင် မွေးဖွားလာမယ့် ကလေးကိုပါ ကူးစက် နိုင်ပါတယ်။

4. အသဲရောင်အသားဝါ ဘီပိုး နဲ့ စီပိုး (Hepatitis B & C) ကိုစစ်ခြင်း

ဒီပိုးတွေကလည်း HIV ပိုးလိုပဲ လိင် ကနေ တဆင့် ကူးစက် နိုင်တာကြောင့် ကြိုတင် စစ်ဆေး သင့်ပါတယ်။ ဒီပိုးတွေက အသဲရောင် အသားဝါ ရောဂါကို ဖြစ်စေရုံ သာမက ဘဲ အသဲခြောက်ခြင်း နဲ့ အသဲကင်ဆာ တို့ အထိ ဖြစ်နိုင်ပါတယ်။

5. VDRL Test (ကာလသား ရောဂါပိုး အတွက် စစ်ခြင်း)

အမေ လုပ်တဲ့သူမှာ ကာလသား ရောဂါရှိနေရင် ကလေးတွေ့ရဲ့ တစ်ဝက် နီးပါးဟာ မမွေးခင် မှာဖြစ်စေ မွေးပြီးတဲ့ နောက်မှာ ဖြစ်စေ အသက် သေဆုံး နိုင်ပါတယ်။ အသက် ရှင်ခဲ့ရင်လဲ ကလေးဟာ ကြီးထွားမှု နှေးကွေး တာတွေ ၊ အမြင် / အကြား အာရုံတွေ ချို့ယွင်း တာတွေ … စသ ဖြင့် ဖြစ်နိုင် ပါတယ်။ ကိုယ်ဝန် ဆောင်စဉ် ကာလမှ စောစောစီးစီး စီစစ်မိပြီး antibiotics ပိုးသတ်ဆေး အသုံးပြုမယ် ဆိုရင်တော့ ရောဂါ ပျောက်ကင်း နိုင်ပါတယ်။

6. Thyroid Function Test

Thyroid ဆိုတာက gland (အကျိတ် တခု) ပဲ။ သူကနေပြီးတော့ Thyroid Hormone ဆိုတဲ့ ဟော်မုန်း တမျိုးထွက်တယ်။ ဒီ ဟော်မုန်း က ခန္ဒာကိုယ် ရဲ့ ဇီဝကမ္မ ဖြစ်ပျက် အားလုံးမှာ ပါဝင်ရတဲ့ ဟော်မုန်း ပဲ။ ကလေးတွေအတွက်က ခန္ဓာကိုယ် ကော ဦးနှောက် ကော ဖွံဖြိုးဖို့ရာ အတွက် အရမ်း လိုအပ်တယ်။ ကိုယ်ဝန် ဆောင်စဉ်မှာ ဒီဟော်မုန်း က နည်းနေရင် ကလေးမှာက ဥာဏ်ရည် မမီတာတွေ ၊ ဖွံဖြိုးမှု နှေးတာတွေ … စသဖြင့် ဖြစ်နိုင်တယ်။ ဒါကြောင့် အိမ်ထောင် မပြုမီက တိုင် ဒီဟော်မုန်းတွေ နည်းမနည်း ကြိုသိ ထားတဲ့အခါ ကြိုတင် ကာကွယ်မှု ပြုလုပ် နိုင်ပါတယ်။

7. သွေးချိုဆီးချို ရှိမရှိ စစ်ဆေးခြင်း (Blood Sugar)

အမေ လုပ်တဲ့သူမှာ ၎င်းရောဂါ ရှိနေရင် ကိုယ်ဝန်ဆောင် တဲ့အခါမှာ ကလေးကော အမေအတွက်ပါ အန္တရာယ် ရှိနိုင်ပါတယ်

8. Male Fertility Test

အမျိုးသား၏ သုတ်ထဲတွင် ပါသော သုတ်ကောင် (Sperm) များ ၏ အရည်အသွေး စွမ်းဆောင်ရည် သည် ကိုယ်ဝန် ရနိုင် စေခြင်း ရှိမရှိ စစ်ဆေးခြင်း

9. Female Fertility test

အမျိုးသမီးကို ကိုယ်ဝန် ရနိုင်ခြင်း ရှိမရှိ စစ်ဆေးခြင်း (အမျိုးသမီး ၏ ရာသီစက်ဝန်း (၃) ရက်မြောက် နေ့တွင် (Day 3 FSH test ) ဆိုသည့် (Follicle Stimulating Hormone) ကို စစ်ဆေး တိုင်းတာခြင်း။

မိန်းမတွေ ကြိုက်တဲ့ ယောကျာ်း အမျိုးအစား

၁။မိန်ကလေးတွေတော်တော်များများကြိုက်တာ အပြောချိုတဲ့ ယောက်ျားမျိုးကိုကြိုက်ကြတယ်။

၂။စိတ်ကောက်ရင်လည်း အလိုက်သိချော့တဲ့ ယောက်ျးမျိုးကိုကြိုက်တယ်။

၃။သစ္စာရှိပြီး ခွင်လွတ်နားလည်တတ်တဲ့ယောက်ျားမျိုးကို ကြိုက်တယ်။၎။မိန်းမအလုပ်ယောက်ျားအလုပ် မခွဲခြားပဲ အားရင်အသလို မတွက်မကပ်လုပ်တတ်တဲ့ယောက်ျားမျိုးကိုကြိုက်တယ်။


၅။ချစ်ခင်ကြင်နာ သနားယုယ ကိုယ်ချင်းစာစိတ်ရှိတဲ့ယောက်ျားမျိုးကိုကြိုက်တယ်။

၆။သူတို့ ကိုချစ်ပြီး သူတို့ ရဲ့မိဘအတိုင်းအဝိုင်းနဲ့ ခင်မင်ရင်းနီးအောင်နေတတ်တဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။

၇။လျှို့ ဝှက်ချက်မရှိအကောင်းအဆိုး သူတို့ နဲ့ အတူတူမျှဝေခံစားတတ်တဲ့ ယောက်ျားမျိုးကို ကြိုက်တယ်။

၈။လက်ကျောတင်းပြီး မပျင်းရိတဲ့ယောက်ျားမျိုးကိုကြိုက်တယ်။

၉။ဆင်ခြေနည်းတဲ့ ယောက်ျားမျိုးကို ကြိက်ကြတယ်။

၁၀။မိသားစုနဲ့ သားသမီးတွေရဲ့ အနာဂတ်လှပရေး အိမ်ထောင်ဦးစီးပီသတဲ့ ယောက်ျားမျိုးကို ကြိုက်တယ်။

၁၁။ပွစိပွစိတစ်ချိန်လုံးမပြောတတ်ပဲ ၁၀ခွန်း ၁ ခွန်းပြောတတ်တဲ့ ယောက်ျားမျိုးကိုကြိုက်တယ်။

၁၂။အလိုလိုက်သင့်တဲ့နေရာမှာ အလိုက်သိ အလိုလိုက်တဲ့ ယောက်ျားမျိုးကို ကြိုက်တယ်။

၁၃။မွေးနေ့ ချစ်သူများနေ့  လက်ထပ်သောနေ့ကို မမေ့သောယောကျာ်းမျိုးကို ကြိုက်တယ်။

၁၄။ ဦးစားပေးတတ်တဲ့ယောက်ျားမျိုးကို ကြိုက်တယ်။

၁၅။တကိုယ်ကောင်းမဆန်ပဲ့ အနစ်နာ ခံသင့်တဲ့ နေရာမှာ အနစ်နာခံတဲ့ ယောက်က်ျားမျိုးကို ကြိုက်တယ်။

၁၆။ စည်းကမ်းရှိတဲ့ ယောက်ျားမျိုးက်ိုကြိုက်တယ်။

၁၇။ကုန်သင့်တဲ့နေရာမှ ကုန် မဖြုန်းတတ်တဲ့ယောက်ျားမျိုးကို ကြိုက်တယ်။

၁၈။မတွန့်တိုပဲ ပေးကမ်းစွန့်ကြဲတတ်တဲ့ယောကျာ်းမျိုးကို ကြိုက်တယ်။

၁၉။ ယဉ်ကျေးသိမ်မွေ့တဲ့ ယောက်ျာမျိုးကို ကြိုက်တယ်။

၂၀။ပညာတတ်ပြီး မမောက်မာတဲ့ ယောက်ျားမျိုးကို ကြိုက်တယ်။

၂၁။ပညာမတတ်ရင်တောင် အသိဥာဏ်ရှိတဲ့ ယောက်ျားမျိုးကို ကြိုက်တယ်။

၂၂။ဒေါသကိုရှေ့ တန်းမတင်တဲ့ ယောက်ျားမျိုးကို ကြိုက်တယ်။

၂၃။ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသင့်တဲ့နေရာမှာ နှိမ်ချတဲ့ ယောက်ျားမျိုးကိုကြိုက်တယ်။

၂၄။ဇနီးနဲ့ သားသမီးတွေအတွက် ဖခင်ကောင်းပီသတဲ့ ယောက်ျားမျိုးကို ကြိုက်တယ်။

၂၅။သူတို့ သေရင် နောက်အိမ်ထောင်မပြုပဲ သားသမီးတွေကို စောင့်ရှောက်မဲ့ ယောက်ျားမျိုးကို ကြိက်ကြတယ် ။

၂၆။ကိုးကွယ်သည့်ဘာသာအပေါ် အလေးအနက် ယုံကြည်ပြီး အမျိုးဘာသာ သာသနာအတွက် တာဝန်ထမ်းဆောင်နိုင်တဲ့ ယောက်ျားမျိုးကို ကြိုက်တယ်။

''မှတ်ချက်'' အဓိကပြောချင်တာကတော့ မိန်ကလေးတွေဟာ ချမ်းသာတိုင်း မကြိုက်ကြဘူး ဆိုတာကိုပြောချင်တာပါ...

ကျွန်မ အပျိုစစ်စစ်ပါမောင် .. .ဆိုတဲ့ ခေတ် .... မှုန်ဝါးဝါးကျန်ခဲ့ပြီ လော

မိန်းကလေးတစ်ယောက် အတွက်တော့ အပျိုစစ်စစ်ဆိုတဲ့ ဂုဏ်ဟာ ဘာနဲ့မှ တန်ဖိုးမဖြတ်နိုင်တဲ့ အရာပါ။ တတ်နိုင်ရင် ... ကိုယ့်အပျိုဂုဏ်လေးကို ထိန်းသိမ်းပြီး ကာကွယ်စောင့်ရှောက်သင့်တာ ... မြန်မာမိန်းကလေးမှ မဟုတ်ဘူး .. ကမ္ဘာမှာ ရှိတဲ့ မိန်းကလေးတိုင်းပါ။

ဒါပေမယ့် ... ဘဝတစ်ကွေ့မှာ ကံအကြောင်းကြောင်းကြောင့်ဖြစ်စေ .. ငယ်ရွယ်နုပျိုချိန်မှာ အမှားအယွင်းကြောင့်ဖြစ်စေ ... ကိုယ့်ချစ်သူနဲ့ကိုယ် အပျိုဘဝကို ယုံကြည်လို့ ပေးဆပ်မိခဲ့တဲ့ မိန်းကလေးတွေ ... အိမ်ထောင်ပြုလိုက်ပြီးမှ အိမ်ထောင်ဖောက်ပြန်လို့ ကွဲရတဲ့ မိန်းကလေးတွေ ... အပျိုစစ်စစ် မဟုတ်တော့တဲ့ မိန်းကလေး ဖြစ်သွားရင်ရော ... လောကကြီးမှာ မျက်နှာငယ်စရာ .. အားငယ်စရာ ... စိုးရွံကြောက်နေဖို့ လိုသလားးး

အပျိုစစ်စစ် ဖြစ်တာ မဖြစ်တာထက် ... မိန်းမတစ်ယောက်ဟာ ... ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရမယ်။ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ကိုယ့်ဘဝကို ပဲ့ကိုင်နိုင်ရမယ်။ ယောကျာ်းထပ်ယူသည်ဖြစ်စေ .. မယူသည်ဖြစ်စေ ... ဘဝမှာ ယောကျာ်းဆိုတာ ကိုယ့်အတွက် မရှိမဖြစ် ဆိုတဲ့ စိတ်ဓါတ်မျိုးကို ဖျောက်ဖျက်ပစ်နိုင်ရမယ်။ ယောကျာ်းတစ်ယောက် ပေးသွားတဲ့ သင်ခန်းစာကို ဘဝရဲ့ တိုးတက်မှုအတွက် ပြောင်းလဲပစ်ရမယ်။ တမြေ့မြေ့ခံစားပြီး ကြေကွဲတမ်းတ မနေရဘူး။

အပျိုစစ်စစ်ကို လက်ထပ်ထားပြီးတော့ ... ဘာမှသုံးစားမရ .. "အိပ် ခံ ပက်လက် .. ထမင်းချက်" ဆိုတဲ့ မိန်းမခေတ် (၂၁) ရာစုမှာ မရှိတော့ဘူး ... အဲလိုမိန်းမမျိုးကို ရထားတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ဘဝတိုးတက်မှု အလားအလာနဲ့ .. အပျိုမစစ်တဲ့ မိန်းမဖြစ်သော်လည်း .. ဘဝကို ထက်ထက်မြက်မြက် နဲ့ နှစ်ဦးလက်တွဲပြီး စဉ်းစားတွေးခေါ် လျှောက်လှမ်းတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ဘဝတိုးတက်မှု အလားအလာဟာ .. အများကြီး ကွာသွားတတ်တယ်။

နွားတစ်ရှဉ်းဆိုတာ .. ဘို့တူမှ အကောင် အရွယ်အစားညီမှ ထွန်လို့ ကောင်းသလိုပေါ့ .. ဘဝဆိုတဲ့ လမ်းကို လျှောက်တဲ့အခါမှာလည်း ..ယောကျာ်းမိန်းမ .. ဦးနှောဏ် အတွေးအခေါ် ဥာဏ်ရည် ညီမျှနေမှ .. ယောကျာ်းက အရိပ်ပြရင် .. မိန်းမက အကောင်မြင်တတ်မှ .. အဆင်ပြေနိုင်မယ်။

ကျွန်မ အပျိုစစ်စစ်ပါမောင် .. .ဆိုတဲ့ ခေတ် .... မှုန်ဝါးဝါးကျန်ခဲ့ပြီ 

ရွှေ အကြောင်း

အဓိကကတော့ သူ့ဂုဏ်သတ္တိကြောင့်ပါပဲ။

- ၁ ဂရမ် ပမာဏရှိသော ရွှေကို အပြားခတ် မယ်ဆိုရင် ၁ စတုရန်းမီတာ အထိ ကျယ်ပြန့်နိုင်ပါတယ်။
၁ အောင်စဆို စတုရန်းပေ ၃၀၀ အထိ ဖြန့်နိုင်တဲ့အတွက် တော်တော်ကို ထူးခြားတဲ့ သတ္တုဒြပ်စင်တစ်မျိုးလည်း ဖြစ်ပါတယ်။

- ရွှေကနေ ထွက်တဲ့ အရောင်က အနီနဲ့ အဝါ ခပ်တောက်တောက် ရှိပြီး သာမန်မမြင်နိုင်တဲ့ ရောင်ခြည်တွေကို တားဆီးကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် အာသာယဉ်နဲ့ ဝတ်ဆုံမှာ နေရောင်ခြည် တိုက်ရိုက်မထိ အောင် ရွှေအလွှာခံတဲ့ မှန်တွေကို အသုံးပြု လေ့ ရှိကြပါတယ်။

- ရွှေကို အခြား သတ္တုတွေနဲ့ ရောစပ် အသုံးပြုခြင်းကလည်း ရေပန်းစား ပါတယ်။ အခြား သတ္တု တစ်ခုခုကို ရွှေရောလိုက်ခြင်းဖြင့် ပိုမို မာကျော သွားခြင်း၊ အကြမ်းခံခြင်း၊ သန်မာခြင်း တို့လည်း ဖြစ်နိုင်ပါတယ်။ အကောင်းဆုံး လျှပ်ကူးပစ္စည်း တစ်မျိုးလည်း ဖြစ်ပါတယ်။ ရေခိုးရေငွေ့၊ ရေ၊ တိုက်စားနိုင်သော အခြားသော ဓာတုဓာတ်များနဲ့ ဓာတ်မပြုနိုင်ပဲ ပုံမှန် အနေအထားအတိုင်း အမြဲ တည်ရှိ နိုင်ပါတယ်။

အဓိကကတော့ တာရှည်ခံမှုပါပဲ။ ဘယ်လောက်ပဲ နှစ်တွေပြောင်းသွား ပါစေ ရွှေဟာ သူ့နဂိုအတိုင်းပဲ ကျန်ရှိပါတယ်။ ဒါကြောင့်ပဲ လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီက လူသားတို့ အသုံးပြုခဲ့တဲ့ ရွှေတွေကို ပြန်လည်တွေ့ရှိတဲ့အခလါ ပုံမပျက်ကို ပြန်တွေ့ရ ပါတယ်။ အပူကြောင့် အရည်ပျော်မယ်ဆိုရင်တောင် ပြန်အေးပြီး ခဲတဲ့အခါ အရင် အတိုင်းပါပဲ။

နောက်ထပ် အရေးကြီးတဲ့ အချက်က ရှားပါးမှု ဖြစ်ပါတယ်။ ပေါပေါပဲပဲရနေရင် ဒီလောက် တ်ဖိုး ထားကြမှာ မဟုတ်ပါဘူး။ အလွယ်တကူ မရနိုင်တဲ့အတွက်လည်း ရွှေကို တန်ဖိုးထားကြပါတယ်။

အရောင်ကလည်း တောက်တော့ အလှဆင်ဝတ်လို့ တင်တယ်ပါတယ်။ ဒါကြောင့် ရှေးယခင်က ငွေကြေးအဖြစ်တောင် ရွှေကို အသုံးပြုခဲ့ကြပါတယ်။ ရွှေကို အတုံးလိုက် အသုံပြုရာကနေ အင်္ဂါးလို လှလှပပ ဖန်တီး အသုံးပြုပါတယ်။ နောက်တော့ ငွေသတ္တုနဲ့ တွဲသုံးလာပြီး နောက်ဆုံးမှာ ရွှေကို အလှဆင်ဝတ်ဖို့ရန်ပဲ အသုံးပြုတဲ့ အနေအထား သို့ ရောက်လာပါတယ်။

ရွှေကို ပိုက်ဆံ (ငွေကြေးယူနစ်) နေရာမှာ အသုံးပြုနေရာကနေ ပိုက်ဆံကို တန်ဖိုးဖြတ်ပေးတဲ့ ပစ္စည်း အဖြစ်သို့ ပြန်လည်ရောက်ရှိလာပါတယ်။ ယနေ့ ကမ္ဘာမှာ ရွှေရဲ့  အသုံးဝင်မှုက တော်တော်လေး စိုးမိုးနေပါတယ်။ ကမ္ဘာ့ရွှေဈေး၊ ငွေဈေး၊ ရေနံဈေး ဆိုပြီး အရေးကြီးတဲ့ ဈေးသုံးဈေးမှာ ရွှေ ကလည်း ပါဝင်နေပါတယ်။