Friday, August 23, 2013

ညလုံးပေါက် ချစ်ရည်လူးခြင်း နှင့် အိမ်ထောင်သည်တို့ ဆက်ဆံရေး

ညလုံးပေါက် ချစ်ရည်လူးခြင်း (သို့မဟုတ်) အခြားအကြောင်း တစ်ခုခုကြောင့် ဇနီးသည်တွေ ကောင်းကောင်း အိပ်မပျော်ရင် နောက်တစ်နေ့ တွင် အိမ်ထောင်ရေးအပေါ်မှာ ဖိအား သက်ရောက် မှု ဖြစ်စေနိုင်တယ် လို့ လေ့လာမှု အသစ် တစ်ရပ်က ဆိုပါတယ်။ ငယ်ရွယ် ကျန်းမာတဲ့ စုံတွဲ ၃၅ ဦးရဲ့ အိပ်စက်မှု ပုံစံကို ၁ဝ ညတာ လေ့လာမှု အရ ဇနီးသည်တွေ အိပ်မပျော်ခြင်းသည် နောက်တစ်နေ့မှာ စုံတွဲတွေရဲ့ ဆက်ဆံရေး ဆိုင်ရာ အခက်အခဲ သိသိသာသာ ရှိတာ တွေ့ရကြောင်း သိရပါတယ်။

အိပ်မပျော်တဲ့ ဇနီးသည်တွေ ရှိရင် အိမ်ထောင်ဖက် နှစ်ဦး စလုံး အတွက် အကောင်းထက် အဆိုးကို ပိုမို ဖြစ်စေနိုင်တယ် လို့ လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ ခင်ပွန်းသည်တွေ အိပ်ရေး မဝတာကြောင့် စုံတွဲတွေရဲ့ ဆက်ဆံရေး အပေါ်မှာ သက်ရောက်မှုက နည်းပါးကြောင်း သိရပါတယ်။


Thursday, August 22, 2013

ချမ်းသာဖို့ နည်းလမ်း(၇)သွယ်


ချမ်းသာဖို့ နည်းလမ်း(၇)သွယ်
-------------------------------

(၁) ကိုယ့်ဆီ ၀င်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ။

(၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲပါ။ ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။ မလိုအပ်ဘဲ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။

(၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေ အုပ်လိုက် မွေးသလိုပါပဲ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊ ဥတွေဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။ ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။ ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို ငွေတွေ လေဖြတ်သွားလိမ့်မယ်။ အင်အားမရှိတော့ဘူး။

(၄) အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး။ မြတ်ချင်မြတ်၊ ရှုံးချင်ရှုံး ဆိုတဲ့ သဘောမျိုး မလုပ်ရဘူး။ သေချာတာလောက်ကိုပဲ လုပ်ရမယ်။ မြတ်ရင်တော့ အများကြီးမြတ်မယ်၊ ရှုံးရင် ကုန်သွားမယ်ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။ မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။ ( သူများပြောတာကို မယုံနဲ့၊ ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တစ်ဝက်ပဲယုံ )

(၅) အိမ်ငှားမနေနဲ့ - အိမ်ပိုင်ဖြစ်အောင်လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုးစား။ ငှားတာဟာ ကြာတော့ စရိတ်ထောင်းတယ်။ စိတ်လည်း ရှုပ်ရတယ်။ သေးတာကြီးတာ ပဓာန မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီ အပေါက်ဟာ ငွေအထွက်ဆုံးပဲ။

(၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။ ( မတ်တတ်စာပဲ ရှိတယ်၊ တုံးလုံးစာ မရှိဘူး လို့ မပြောရအောင် ပြင်ဆင်ထားပါ )

(၇) ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။ ( အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့ ပရိသတ်တို့ဆိုတာ စိတ်ချရတာမျိုးမဟုတ်ဘူး။ ကိုယ့်ထက် တော်တဲ့၊ ကောင်းတဲ့လူရှိရင် အဲဒီကို သွားကြမှာ )

မင်းသိင်္ခ ၏ “ရေမျောကမ်းတင် အောင်ဗဒင်” စာအုပ်မှ ပြန်လည်ဖော်ပြပါသည်။

စိန် အကြောင်းသိကောင်းစရာ.....

စိန်ဈေးနှုံးကိုသတ်မှတ်ရာတွင် အောက်ပါအချက်၎ချက်ဖြင့်သတ်မှတ်ပါသည်။4Cဟုအတိုကောက်မှတ်နိုင်သည်။

၁။ Carat -စိန်၏အလေးချိန်
၂။ Clarity -စိန်၏သန့်စင်မှု
၃။ Cut -စိန်၏သွေးကွက်ပုံကျမကျ
၎။ Color -စိန်၏အရောင်အသွေး

အထက်ပါအချက်၎ချက်သည်တချက်ကိုတချက်မှီခိုမှုရှိသည် ။

ဥပမာစိန်၏အရွယ်မှာ၃ကာရက်ရှိပြီးအရောင်မှာအညိုရောင်ဖြစ်နေသည်။ စိန်ကိုရှေးစိန်သွေးကွက်ဖြင့်သွေးထားမည်။သာမန်မျက်စေ့(မှန်ဘီလူးမပါ )ကြည့်ပါကစိန်အတွင်းသားနှင့် မျက်နှာပြင်တွင်အမည်းစက်နှင့်အနာရှိနေပါက စိန်အရွယ်၁ကာရက်ရှိပြီး အ၀ါရောင်အနေမရှိသောစိန်ကသာလျှင်ပိုတန်ဖိုးရှိလေသည်။

၁။Carat

ရတနာများ၏အလေးချိန်ကိုဖော်ပြရာတွင် ကာရက်ချိန်ကိုသုံးပါသည် မြန်မာပြည်တွင်ရတီချိန်ကိုသုံးသော်လည်း ကမ္ဘာ့ဈေးကွက်တွင်ကာရက်ကိုသာသုံးပါသည်။ ၁ကာရက်=၁.၁ရတီ

၂။ Clarity

စိန်၏သန့်စင်မှုကိုအောက်ပါအတိုင်းသတ်မှတ်ပါသည်။
F=Flawless
IF=Internally Flawless
VVS1=Very Very Small Inclusion
VS=Very Small Inclusion
S1=Small Inclusion
I=Inclusion
P=Commercial Use
F&IF အဆင့်များသည်၁၀ဆမှန်ဘီလူးဖြင့်ကြည့်ပါကလုံးဝအနာအဆာမရှိခြင်းဖြစ်သည်။ VVS1 မှာသာမန်မျက်စိဖြင့်အနာမမြင်နိုင်ပဲ၁၀ဆချဲ့မှန်ဘီလူးဖြင့်ကြည့်လျှင် အပ်ခေါင်းလောက်ရှိသောအမှုန်ကို
ကျောက်မျက်ပညာရှင်ကတွေ့နိုင်ပါသည်။ မြန်မာအခေါ်အရအစင်အသန့်ဟုခေါ်နိုင်ပါသည်။ ဈေးကွက်တွင်VVS1 VVS2 ဟူ၍ထပ်မံခွဲထားပါသည်။ VVS2တွင်အမှုန်၂စက်၃စက်ခန့်ပါနိုင်ပါသည်။ VSSတွင်လည်းVS1 VS2 ဟူ၍ထပ်
ခွဲပါသည်။အစက်အပြောက်အနာအဆာများပါနိုင်ပါသေးသည်။ S1တွင်လည်း S1, S2, S3ဟူ၍ခွဲထားပါသည်။ အနာကြီးအမည်းစက်များပါနိုင်ပြီးမျက်စိဖြင့်မြင်နိုင်ပါသည်။Iတွင်လည်း I1,I2ဟူ၍ခွဲကြပါသည် ။မြန်မာအခေါ်ရေခဲသားဟုခေါ်သည်။ေ ရခဲတုံးကိုကြည့်
လျှင်အသားမကြည်ဘဲအက်ကြောင်းများတွေ့ရသကဲ့သို့ ၄င်းစိန်တွင်လည်းစိန်၏အလင်းမရှိတော့ဘဲ ရေခဲတုံးကဲ့သို့ဖြစ်နေပါသည်။ နောက်ဆုံးအမျိုးအစားပီမှာအလွန်ညံ့သောစိန်ဖြစ်ပြီးလုံးဝမ၀ယ်သင့်ပေ။
မြန်မာလူမျိုးများအနေဖြင့် ပွင့်အားကောင်းလျှင်(မီးအားကောင်းလျှင်) ကြိုက်ကြသည်။ စိန်၏သဘောမှာအကြမ်းအားဖြင့်အနည်းငယ်ဝါနေလျှင်မီးပိုအားကောင်းသည်။

၃။Cut

စိန်၏သွေးကွက်ပုံမကျလျှင်လည်းစိန်၏မီးကောင်းမှု၊ လင်းလက်မှုအလှကိုမဖော်ပြနိုင်ပေ။ စိန်တပွင့်လျှင်အကွက်၅၇ကွက်ရှိပါသည်။ အချို့စိန်တွင်၅၈ကွက်ရှိနေတတ်ပါသည်။ အပိုကွက်ကို extra
Facetedဟုခေါ်သည်။ ၄င်းအပိုကွက်၁ကွက်ပါခြင်းသည်လည်းစိန်၏ဈေးနှုံးကိုကျစေပါသည်။ သာမန်မျက်စိဖြင့်မမြင်နိုင်ပေ။ မြန်မာပြည်တွင်ရှေးအခါကစိန်များကို ၅၇ကွက်နည်းဖြင့်မသွေးကြပါ။ စိန်အလေးချိန်မလျော့စေရန်နှင့် နည်းပညာအားနည်းမှုများကြောင့်ဖြစ်သလိုသွေးထားကြလေသည်။ ထို့ကြောင့်ပုံပန်းမကျဖြစ်ပြီးစိန်၏ပွင့်အားနှင့် အလှအပကိုမဖော်ပြနိုင်ပေ။ ယနေ့ခေတ်တွင် အပါးရိုင်းပုံကျ၅၇ကွက်စိန်ကိုသာ ကမ္ဘာ့ဈေးကွက်ဝင်ပါသည်။ ထို့ကြောင့်ရှေးစိန်များအရွယ်ကြီးပြီးမလှပသဖြင့်တန်ဖိုးနည်းပါသည်။

၎။ Color

စိန်၏အရောင်ကိုအောက်ပါအတိုင်းအဆင့်ခွဲထားပါသည်။
D, E, F, G, H, I, J, K, L, M, N,…………X
D, E, F =Colorless
G, H, I=Tinted White
K, L, M = Faint Yellow
N, O, P, Q, R, S, T =Very Ligh Yellow
U, V, W, X = Light Yellow
မြန်မာအခေါ်အရ I color ကိုအဖြူဟုခေါ်သည်။ အမှန်တကယ်တွင် အတွေ့အကြုံရှိသူများသာ- G-Iကိုမှန်ဘီလူးဖြင့်ကြည့်ပါက အနည်းငယ်ဝါနေကြောင်းမြင်နိုင်ပါသည် ၊မြန်မာလူမျိုးများ၏အကြိုက်မှာအနည်းငယ်ဝါပြီဲး J-N အရောင်၊သန့်စင်မှုအဆင့် VVS2ကိုကြိုက်ကြသည်။ အရောင်နိမ့်ပြီးသန့်စင်မှုမြင့်သည်ကိုပိုမိုနှစ်သက်ကြပါသည်။ အမေရိကားတွင်မူလူအများစုမှာအရောင်မြင့်င်္ပြီ F, G, H သန့်စင်မှုအဆင့် S1, Iကိုသာအများဆုံးဝယ်ယူဝတ်ဆင်ကြသည်။
ဈေးကွက်တွင်မူ D, E, Fမှာ၎င်း၏ရှားပါးမှုကြောင့် တန်ဖိုးကျခြင်းမရှိသဖြင့် ရတနာစုသူများဝယ်သင့်ပါသည်။

Tuesday, August 20, 2013

တို့ဟူး - အာလူးလုံးလေးများနဲ့ ခရမ်းချဉ်သီးချက်

တို့ဟူး - အာလူးလုံးလေးများနဲ့ ခရမ်းချဉ်သီးချက်
( Mini Potatoes and Tofu in Tomato Sauce)
.................................................................
အာလူးအလုံး အသေးလေးတွေကို တွေ့ရခဲပါတယ်။ မစည် ခရီးသွားတုန်းတွေ့တာနဲ့ ဟင်းပွဲတွေအတွက်
အများကြီးဝယ်လာဖြစ်တယ်။ အခွံပါးပြီး အလုံးသေးတော့အခွံနဲ့ချက်စားရတဲ့ အရသာလေးကို အားလုံး
ခံစားရရှိနိုင်စေရန် တို့ဟူးဖြူနဲ့ တွဲပြီး အာလူးတစ်မျိုးလေး ဖန်တီးလိုက်ပါတယ်။ ချက်စားကြည့်လိုက်နော် ...

ပါဝင်ပစ္စည်းများ
........................
• အာလူးအလုံးသေး - ၇၅၀ ဂရမ်                  (ရေစင်အောင်ဆေးပြီး အခွံနဲ့ရေစိမ်ထားပါ)
• ဆား - အနည်းငယ်
• ငရုတ်ကောင်းမှုန့် - အနည်းငယ်
• မုန်လာဥနီ - တစ်ဥ                                  (အခွံခွာပြီး အတုံးသေးလေးများတုံးထားပါ)
• ပဲသီးစိမ်းရှည် - တစ်စည်း                          (လက်နှစ်ဆစ် လောက်လေးတွေ ဖြတ်ထားပါ)
• တို့ဟူးဖြူ - နှစ်တုံး                                   (လေးဖက်အညီ အတုံးလေးများ တုံးထားပါ)
• ပုစွန်ငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း      (သက်သတ်လွတ် ဆိုမထည့်ပါနဲ့၊ ပဲငံပြာရည်သုံးပါ)
• ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း      (မထည့်လည်းရပါတယ်)
• ခရမ်းချဉ်သီး - ၄ လုံး                               (အစေ့ထုတ်ပြီး လှီးထားပါ)

အုပ်စု (၁)
..............
• ကြက်သွန်နီ - ၂ လုံး (ထောင်းထားပါ)
• ကြက်သွန်ဖြူ - ၂ မြွှာ (ထောင်းထားပါ)
• ချင်း - လက်တစ်ဆစ် (ထောင်းထားပါ)
• နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ငရုတ်သီးခွဲခြမ်း - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ဆီ - ထမင်းစားဇွန်း ၂ ဇွန်း
• ဇီရာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်


ပြုလုပ်နည်း
................
၁။ အိုးထဲသို့ အုပ်စု (၁)အားလုံးထည့်ပြီး ဆီသတ်ပါ။ မီးအနေတော်လောက်နဲ့ပါ။

၂။ အားလုံး ရွှေရောင်သမ်းပြီး မွှေးလာလျှင် ခရမ်းချဉ်သီးရောပါ။ 

   ခရမ်းချဉ်သီး အခွံလိပ်လာလျှင် ငံပြာရည်ထည့်ပါ။

၃။ ရေအနည်းငယ်ထည့်ပြီး မုန်လာဥနီနှင့် အာလူးထည့်ပါ။   ပြီးလျှင် အိုးအဖုံးအုပ်ထားပါ။

၎။ အာလူးနူးလာလျှင် တို့ဟူးကလွဲလို့ ကျန်ပစ္စည်းများကိုရောပါ။ အားလုံး ရေမြုတ်တဲ့အထိထည့်ပြီး ဆူအောင်တည်ပါ။ အားလုံး အနေတော်လောက်ဆိုရင် ဆားမြည်းပါ။ လိုတာထပ်ထည့်နိုင်ပါတယ်။ နောက်ဆုံးမှ တို့ဟူးကိုရောပါ။ရအနည်းငယ်ထပ်ထည့်ပြီး ရေဆူအောင်တည်ပါ။ တို့ဟူးထည့်ပြီးရင် အရမ်းမမွှေပါနဲ့ အတုံးလေးတွေ ကြေသွားပါလိမ့်မယ်။ အရည်လေးနဲ့ချပါ အာလူးနဲ့ မုန်လာဥနီက အရည်စုတ်လွယ်ပါတယ်။ အရည်သောက်လေးစားချင်ရင်ပေါ့နော်။

ကြက်သား၊အာလူးဆီပြန်ဟင်း

ကြက်သား၊အာလူးဆီပြန်ဟင်း
.........................................
ချက်ပြုတ်နည်း
....................
ကြက်သွန်အဖြူ၊ အနီထောင်းထားကို ဆီသတ်ပါ။
ပြီးလျှင် မဆလာထည့်ပါ။ထို့နောက်ကြက်သားကို
ထည့်ပြီးလုံးထားပါ။ အချိန်အနည်းငယ်ကြာမှ
အာလူးကိုထည့်ပါ။ ထို့နောက် ကြက်သားရော၊
အာလူးပါရောမွေပါ။ထို့နောက်ဆီများကြက်သားထဲ
ဝင်သွားပြီဆိုတော့မှ ရေသင့်တော်ယုံထည့်ပါ။
ထို့နောက် အရသာအပေါ့အငန်အတွက် ဆား(သို့)
ငံပြာရည်၊အချိုမှုန့်တို့ထည့်ပါ။ ကြက်သားဆီပြန်လို့
ချခါနီးခါမှ ရနံ့မွှေးသွားအောင် ပျဉ်းတော်သိမ်ရွက်လေးထည့်ပါ။
ထို့နောက်စားသုံးလို့ရပါပြီ။

လိုင်ချီး လက်ဖက် ဖျော်ရည်

Lychee of Lemongrass Ice Tea
...............................................
အရမ်းကိုRefreshing ဖြစ်စေမယ့် Drinks တစ်မျိုးဆိုတာတော့
ရဲရဲကြီးအာမခံလိုက်ပါရစေ။ Ice Tea ကြိုက်တဲ့
ကျွန်တော်အတွက် အမျိုးမျိုးသော
Ice Tea Application တွေကို ဖန်တီးစမ်းသပ်ရတာ
တကယ့်ကို ရင်ခုန်စရာကောင်းပြီး ပျော်စရာကောင်းပါတယ်။
ကျွန်တော်နဲ့အတူတူ Cocktail လေးတွေလိုက်လုပ်ရင်း
ရင်ခုန်မယ့် ပရိသတ်အတွက် Lychee of Lemongrass Ice Tea ကို
ရွေးချယ်ထားပါတယ်။ ကဲ ကြည့်လိုက်ပါဦးနော် . . . ။

ပါဝင်ပစ္စည်းများ
.......................
1. MONIN Lychee Syrup - 10 ml
MONIN လိုင်ချီးသီး အဆီ - 1/3 ပတ်
2. MONIN Lemon Tea concentred - 20 ml
MONIN လီမွန်တီးအရည် - 2/3 ပတ်
3. Water - 90 ml
သောက်ရေသန့် - ၃ ပတ်
4. Lemengrass - 1 stick
စပါးလင် - ၁ ချောင်း

ပြုလုပ်ပုံ
...........
ပထမဆုံး စပါးလင်ကို အရွယ်တော်လှီးဖြတ်လိုက်ပါ။
ထို့နောက် Shaker ထဲသို့ထည့်၍ Muddle (ကြိတ်ခြေ)လိုက်ပါ။
ထို့နောက်Lemon Tea Concentred နှင့် Lychee Syrup တို့အားထည့်ပါ။
ထို့နောက် သမစွာ Shake ၍ High Ball Glass (ဖန်ခွက်အရှည်)ထဲသို့
Fine Strainer (ဆန်ခါအစိတ်)ဖြင့် သေချာစွာစစ်၍ လောင်းထည့်ပါ။
ထို့နောက် ရေခဲအပြည့်ဖြည့်၍ သောက်ရေသန့်
90 ml (၃ ပတ်)ထပ်၍ ဖြည့်ပါ။ ထို့နောက် စပါးလင်လေး၊
ရှောက်ရွက်လေးဖြင့် လိုအပ်သလို အလှဆင်ကာ
Lychee of Lemongrass Ice Tea ဖြင့်
တစ်နေ့တာပင်ပန်းသမျှအမောပြေပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

100 plus Apple ဖျော်ရည်

100's Apple
....................
လှုပ်လှုပ်ရှားရှားနဲ့ ချွေးထွက်များသူတွေအတွက်
အထူးသင့်တော်သလို MOCKTAIL VERSION ဖြစ်လို့
သက်ကြီးရွယ်အိုတွေအတွက်လည်း သင့်တော်ပါတယ်။
ကိုယ်ခန္ဓာမှကုန်ဆုံးသွားတဲ့ ရေဓာတ်နဲ့ ဆားဓာတ်များကို
ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ Re-hydrated Drink လည်းဖြစ်ပါတယ်။
ကဲ တစ်ချက်လောက်ကြည့်လိုက်ရအောင်ပါ။

ပါဝင်ပစ္စည်းများ
....................
1. MONIN Green Apple Syrup - 30 ml
MONIN ပန်းသီးစိမ်းအဆီ - ၁ ပတ်
2. 100's PLUS - Top up
100's PLUS အားဖြည့်အချိုရည် - လောင်းဖြည့်ရန်

ပြုလုပ်ပုံ
.............
Green Apple Syrup အား ဖန်ခွက်ထဲသို့ အရင်ဦးစွာထည့်သွင်းလိုက်ပါ။ ထို့နောက် ရေခဲတုံးလေးများ ဖန်ခွက်အပြည့်ဖြည့်၍ 100's PLUS အချိုရည်ဖြင့် ပြည့်သည်အထိ လောင်းထည့်ပါ။
ပြီးလျှင်တော့ သံပရာသီးစိတ်လေးများအား
ပါးပါးလှီး၍ အလှဆင်ကာ အရသာရှိရှိသုံးဆောင်ရင်း ကုန်ဆုံးသွားတဲ့
ရေဓာတ်နှင့် စွမ်းအင်များကို ပြန်လည်ဖြည့်တင်းနိုင်ကြပါစေလို့
ဆန္ဒပြုလျက် . . .